အောက်တိုဘာလ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၇၁ ဦး ကျဆုံးဟု KNU ထုတ်ပြန်

အောက်တိုဘာလ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၇၁ ဦး ကျဆုံးဟု KNU ထုတ်ပြန်

နိုဝင်ဘာ ၅

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ထိန်းချုပ်နယ်မြေများ၌ အောက်တိုဘာလအတွင်း တိုက်ပွဲ ၂၇၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၇၁ ဦး သေဆုံးကာ ၂၆၆ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း KNU က ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဘက်မှ သေဆုံးခဲ့သူများတွင် တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး တစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး နှစ်ဦး နှင့် ဗိုလ်နှစ်ဦးတို့ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒဏ်ရာရသူ ၂၆၆ ဦးတွင်လည်း ဒု-တပ်ရင်းမှူး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီး တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး ပါဝင်ကြောင်း သိရသည်။

KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( KNLA ) နှင့် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ ( KNDO ) ဘက်မှလည်း နှစ်ဦး ကျဆုံးပြီး အယောက်၂၀ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

KNU ၏ ထိန်းချုပ်နယ်မြေများ ဖြစ်သည့် သထုံခရိုင်၊ တပ်မဟာ(၁) နယ်မြေ၊ တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေ၊ မူတြော်ခရိုင် တပ်မဟာ (၅ )နယ်မြေ နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly