အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယား၌ ပန်းချီဆရာများ တွေ့ဆုံဖလှယ်ပွဲ ကျင်းပ

By India blooms
05 November 2021
အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယား၌ ပန်းချီဆရာများ တွေ့ဆုံဖလှယ်ပွဲ ကျင်းပ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေတွင် အမျိုးသားအဆင့် ပန်းချီအနုပညာရှင်များ တွေ့ဆုံဖလှယ်ပွဲတစ်ရပ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယား၏ အနုပညာ ၊ ယဥ်ကျေးမှု နှင့် ဘာသာစကားများဆိုင်ရာ အကယ်ဒမီတွင် ပုံဖော်အနုပညာနှင့် ပုံစံသွန်းမှု အနုပညာတို့ကို အားပေးရေး ရည်ရွယ်ချက်ဖြင့် အဆိုပါပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ယင်းပွဲတွင် ပါဝင်ကြသည့် ပန်းချီဆရာများက လက်တွေ့ပန်းချီကားများ ရေးဆွဲပြီး ၎င်းတို့၏ ထူးခြားသော အနုပညာလက်ရာများကို ပြသခဲ့ကြသည်။

ယင်းပြည်ထောင်စုနယ်မြေတွင် ကျင်းပသည့် အဆိုပါ ပွဲအခမ်းအနားကို ကက်ရှ်မီးယား၏ နယ်မြေကော်မရှင်နာ ပန်ဒူရန် ကေ ပိုးလ်က အောက်တိုဘာ ၂၅ ရက်တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ စီစဥ်ပြုလုပ်သည့် အဆိုပါပွဲတွင် နိုင်ငံတွင်းရှိ နယ်မြေဒေသအသီးသီးမှ အရေးသွက်သော ပန်းချီဆရာများ ပါဝင်ခဲ့ကြသည်။

အနုပညာ ပြခန်းတစ်ခုအဖြစ် ပြောင်းလဲထားခဲ့သည့် သမိုင်းဝင် အထိမ်းအမှတ်နေရာတစ်ခုတွင် ယင်းအခမ်းအနား စီစဥ်ကျင်းပမှုက ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

ကက်ရှ်မီးယားသည် ယင်း၏ အနုပညာနှင့် လက်မှုပညာတို့အတွက် ကမ္ဘာတွင် လူသိများ ကျော်ကြားပြီး ယခု အခမ်းအနား စီစဥ်သူများ၏ ကြိုးပမ်းအားထုတ်မှုကို ချီးကျူးကြောင်း ပန်ဒူရန် ကေ ပိုးလ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly