သမ္မတ ရှီကျင့်ဖျင်၏ ဘုံသယာဝ ပြောမှု အစီအစဉ်သစ်နှင့် ကိုက်ညီသည့် ရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူများ ပိုမို ဝယ်ယူလာ

သမ္မတ ရှီကျင့်ဖျင်၏ ဘုံသယာဝ ပြောမှု အစီအစဉ်သစ်နှင့် ကိုက်ညီသည့် ရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူများ ပိုမို ဝယ်ယူလာ

တရုတ်စတော့ရှယ်ယာဈေးကွက် ရင်းနှီးမြှုပ်နှံသူများသည် သမ္မတ ရှီကျင့်ဖျင်၏ ဘုံသယာဝ ပြောမှု စီးပွားရေးတွင် အစီအစဉ်ကို ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ကာ တန်ဖိုးကြီး ဇိမ်ခံပစ္စည်း လုပ်ငန်းကုမ္ပဏီကြီးများ၏ ရှယ်ယာများကို ဝယ်ယူခြင်းထက် အလားအလာရှိသည့် နာမည်ကျော် နည်းပညာ ကုမ္ပဏီငယ်လေးများကို ပြောင်းလဲ ရင်းနှီးမြှုပ် နှံလာကြသည်။

သမ္မတရှီ၏ အဆိုပါ အစီအစဉ် နောက်ကွယ်မှ ရည်ရွယ်ချက်သည် ၎င်းတို့နိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟချက် ကျဉ်းမြောင်းသွားစေရေး ဖြစ်သည်။

သို့သော် အာဏာပိုင်များက နည်းပညာ၊ အိမ်ခြံမြေနှင့် ပုဂ္ဂလိကကျူရှင်ကဲ့သို့သော လုပ်ငန်းများတွင် ကြီးလေး သောစည်းမျဉ်းအသစ်များကို ချမှတ်လိုက်သောကြောင့် ပထမမူဝါဒ ပြောင်းလဲမှု သည် ဈေးကွက်ကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

အချို့ စီးပွားရေးသမားများက လက်ရှိအချိန်တွင် တရုတ်ကို ရှောင်ဖယ်နေသော်လည်း အချို့က ပိုမိုကြီးထွားချမ်းသာလာမည့် လူလတ်တန်းစားများအတွက် ရည်ရွယ်သော စီးပွားရေးတွင် အခွင့်အလမ်းကို တွေ့မြင်နေကြသည်။

တရုတ်မူဝါဒရေးဆွဲသူများသည် " သစ်တော်သီးပုံသဏ္ဍာန်စီးပွားရေးဖြစ်သည့် ထိပ်ပိုင်းတွင် လူနည်းစုရှိပြီး အောက်ခြေတွင် ဆင်းရဲသူအများအပြားရှိသည့် ပုံစံမှ သံလွင်သီး ပုံသဏ္ဍာန် စီးပွားရေးဖြစ်သည့် အောက်ခြေတွင် ဆင်းရဲသူ လူနည်းစုဖြစ်သည့် ပုံသဏ္ဍာသို့ မည်သို့ ကူးပြောင်းရမည်ကို ဆွေးနွေးနေကြသည်" ဟု ဟောင်ကောင် အခြေစိုက် Manulife ရင်းနှီးမြှုပ်နှံရေး စီမံခန့်ခွဲမှုကုမ္ပဏီမှ အာရှဆိုင်ရာ ရှယ်ယာဌာန အကြီးအကဲ ရောနယ်ချန်က ပြောကြားခဲ့သည်။

"ရှေ့ဆက်ပြီး အစာသွပ်မုန့်ကို ဘယ်လိုခွဲရမလဲဆိုတာ သူတို့ဆွေးနွေးနေကြပါတယ်"

နည်းပညာနှင့် စွမ်းအင်ဖူလုံရေး၊ စက်မှုလုပ်ငန်းတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ရည်ရွယ်နေ သည့် တရုတ်၏ လိုလားချက်ကို "ဘုံသာယာဝပြောရေး" အစီအစဉ်က ဖော်ပြနေကြောင်း ချန်က ပြောကြားပြီး တန်ဖိုးကြီးဇိမ်ခံပစ္စည်း လုပ်ငန်းများ၏ ရှယ်ယာများကို မဝယ်တော့ဘဲ တရုတ်ဆိုလာ စွမ်းအင် ကုမ္ပဏီရှယ်ယာများကို ချန်က ဝယ်ယူနေသည်။

Manulife ၏ Greater China မှ ရင်းနှီးမြှုပ်နှံငွေများအား ၂၀၂၀ပြည့်နှစ်အတွင်း Alibabaနှင့် Tencentကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများတွင် ရှယ်ယာများကို လျှော့ချခဲ့ကြောင်း အများပြည်သူ့သို့ ချပြသည့် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စွမ်းအင်အညွှန်းကိန်းအသစ်သည် ၂၀၂၁ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းကျော်တက်လာပြီး အိမ်ရာကဏ္ဍသည် ၁၀ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly