ဆောင်းရာသီမတိုင်မီ နေ့စဉ်သုံးပစ္စည်းများသိုလှောင်ထားရန် မိသားစုများအား တရုတ်အစိုးရ တိုက်တွန်း

ဆောင်းရာသီမတိုင်မီ နေ့စဉ်သုံးပစ္စည်းများသိုလှောင်ထားရန် မိသားစုများအား တရုတ်အစိုးရ တိုက်တွန်း

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို မြင့်တက်စေခဲ့ကာ ကုန်စည်ထောက်ပံ့ရေးပြတ်တောက်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမြင့်တက်လာစေပြီးနောက် အရေးပေါ်အခြေအနေအတွက် နေ့စဉ်သုံးပစ္စည်းများကို သိုလှောင်ထားကြရန် တရုတ်အစိုးရက မိသားစုများအား မှာကြားထားသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁ ရက်တွင်ထုတ်ပြန်သော ညွှန်ကြားချက်သည် ထိုင်ဝမ်နှင့် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြည်တွင်း လူမှုမီဒီယာပေါ်၌ စိုးရိမ်ပူပန်မှုများ မြင်တွေ့နေရပြီး လူများသည် ဆန်၊ ဟင်းချက်ဆီနှင့် ဆားများ သိုလှောင်ရန်အလျင်စလိုဖြစ်နေကြသည်ဟု အချို့ကပြောသည်။

“ဒီသတင်းထွက်လာပြီးပြီးချင်း ကျွန်တော့်အနီးကလူကြီးတွေ စူပါမားကတ်တွေမှာ အထိတ်တလန့်နဲ့ ဈေးသွားဝယ်ကုန်ကြတယ်” ဟု Weibo အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။

ပြည်တွင်းမီဒီယာများသည် ဘီစကွတ်နှင့် အသင့်စားခေါက်ဆွဲများ၊ ဗီတာမင်များ၊ ရေဒီယိုများနှင့် ဓာတ်မီးများအပါအဝင် အိမ်တွင်သိုလှောင်မည့် အကြံပြုထားသော ကုန်ပစ္စည်းစာရင်းများကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ပြည်သူများက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းက နိုင်ငံပိုင် မီဒီယာအနေဖြင့် ကြောက်ရွံ့မှုများကို ဖြေသိမ့်ရန်နှင့်ဝန်ကြီးဌာနထုတ်ပြန်ချက်ကို ရှင်းလင်းရန် နိုင်ငံပိုင်မီဒီယာကို နိုဝင်ဘာ ၂ ရက်တွင် တွန်းအား ဖြစ်စေခဲ့သည်။

ကွန်မြူနစ်ပါတီကျောထောက်နောက်ခံပြုသတင်းစာဖြစ်သည့် Economic Daily က အင်တာနက်အသုံးပြုသူများကို လွန်ကဲသောအတွေးများ မထားရန်နှင့် ညွှန်ကြားချက်၏ရည်ရွယ်ချက်မှာ ၎င်းတို့၏ဧရိယာအတွင်း အသွားအလာ ကန့်သတ်ခံရပါက နိုင်ငံသားများအား အထိတ်တလန့်မဖြစ်စေရန် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဝန်ကြီးဌာနသည် ထိုသို့သောသတိပေးချက်များကို နှစ်စဉ် ထုတ်ပြန်နေကျဖြစ်သော်လည်း သဘာဝဘေးအန္တရာယ်များ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမြင့်တက်မှုနှင့် လတ်တလော ကိုဗစ်-၁၉ ဖြစ်ပွားမှုများကြောင့် ညွှန်ကြားချက်ကို ယခုနှစ်တွင် ပိုမိုစောစီးစွာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း People's Daily သတင်းစာက ဖော်ပြခဲ့သည်။

ဝန်ကြီးဌာန၏ နိုဝင်ဘာ ၁ ရက်နှောင်းပိုင်း ထုတ်ပြန်ချက်၌ ကုန်စည်ထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်မှုရှ ိအောင် ကောင်းမွန်စွာလုပ်ဆောင်ရန်နှင့် မည်သည့်ရောင်းလိုအားပြဿနာကိုမဆို စောစောသတိပေးရန် ဒေသခံအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly