"ကျွန်ပညာရေးအမြစ်ဖြတ် ငါတို့ကျောင်းမတက်"ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် ဆန္ဒပြ

By ဂန္ဒမာ
04 November 2021
"ကျွန်ပညာရေးအမြစ်ဖြတ် ငါတို့ကျောင်းမတက်"ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် ဆန္ဒပြ

နိုဝင်ဘာ ၄

"ကျွန်ပညာရေး အမြစ်ဖြတ်၊ ငါတို့ကျောင်းမတက်"ခေါင်းစဉ်ဖြင့် လှုံ့ဆော် ဆန္ဒပြပွဲကို ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ရန်ကုန်မြို့ တစ်နေရာ၌ ပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ် ) ၊ သာကေတမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ၊ တာမွေမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နှင့် တောင်ဒဂုံမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) တို့ ပူးပေါင်းကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

"အခု ဒီလထဲ ကျောင်းတွေ ပြန်ဖွင့်နေတော့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားလူငယ်များက ကျောင်းမတက်ရေး လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံ နေ့စဉ်နဲ့အမျှ နေရာအနှံ့ လှုပ်ရှားနေပါတယ်။ အဲဒီအတွက် ကျောင်းသားမိဘ ပြည်သူများကလည်း စစ်အာဏာရှင် စနစ်နဲ့အတူ ကျွန်ပညာရေး အဆုံးသတ် အမြစ်ပြတ်ဖို့ အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုပါတယ်" ဟု တာမွေမြို့နယ် ကျောင်းသားများ သမဂ္ဂ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ ဆန္ဒထုတ်ဖော်ပွဲကို အဖမ်းအဆီးမရှိ အောင်မြင်စွာ လူစု ခွဲနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly