ဂျမူးနှင့် ကက်ရှ်မီးယားရှိ နိုင်ငံတော် ပြဇာတ်ကျောင်းတွင် သဘင်ပညာရေးဌာနဖွင့်လှစ်

By India Blooms News Service
04 November 2021
ဂျမူးနှင့် ကက်ရှ်မီးယားရှိ နိုင်ငံတော် ပြဇာတ်ကျောင်းတွင် သဘင်ပညာရေးဌာနဖွင့်လှစ်

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားရှိ နိုင်ငံတော် ပြဇာတ်ကျောင်း (NSD ) တွင် သဘင်ပညာရေးဌာန (TIE) ကို အတွင်းရေးမှူးချုပ် အာရွန်ကုမာမက်တာနှင့် နာမည်ကျော် ဘောလိဝုဒ်သရုပ်ဆောင်နှင့် ကျောင်း၏ ဥက္ကဌာဖြစ်သူ ပါရက်ရှ်ရာဝယ် တို့က အောက်တိုဘာ ၃၀ ရက်က အခမ်းအနားဖြင့် ဖွင့်လှစ်ပေးလိုက်သည်။

ကျောင်း၏ တဂိုးရ်ခန်းမတွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ နယ်မြေခံအရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အနုပညာ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားသင်တန်းဌာန (JKAACL) ၏ အတွင်းရေးမှူးနှင့် NSD ၏ ယာယီ ညွှန်ကြားရေးမှူးတို့အကြား နားလည်မှု စာချွန်လွှာတစ်ခုကိုလည်း ရေးထိုးခဲ့သည်။

ကက်ရှ်မီးယားဒေသရှိ ကလေးများအတွက် သဘင်ပညာရပ်များ မြှင့်တင်ရေးနှင့် တစ်နှစ်တာ ဒီပလိုမာ ကာလတို သင်တန်းများကိုလည်း TIE ဌာနတွင် ပို့ချသွားမည်ဖြစ်သည်။ နားလည်မှုစာချွန်လွှာအရ NSD က ကက်ရှ်မီးယားဒေသရှိ သဘင်အနုပညာလုပ်ငန်းများအားလုံးကို JKAACL နှင့် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် NSD ၏ သဘင်အနုပညာရှင်များက တဂိုးရ်ခန်းမ၌ ရုပ်သေးပြပွဲကို ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly