အိနိ္ဒယနှင့် ပြင်သစ်တို့အကြား သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် နည်းပညာတီထွင်မှုဆိုင်ရာ ရည်မှန်းချက်များကို ဆွေးနွေး

အိနိ္ဒယနှင့် ပြင်သစ်တို့အကြား သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် နည်းပညာတီထွင်မှုဆိုင်ရာ ရည်မှန်းချက်များကို ဆွေးနွေး

သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် နည်းပညာတီထွင်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အိန္ဒိယနှင့် ဆွေးနွေးခဲ့ပြီး အင်ဒို-ပ စိဖိတ်ကဲ့သို့ အရေးကိစ္စများတွင် ခိုင်မာသော ရလဒ်များ ထွက်ပေါ်စေရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က အောက်တိုဘာ ၃၀ တွင် ပြောကြားလိုက်သည်။

အီတလီနိုင်ငံ ရောမမြို့၌ ကျင်းပခဲ့သည့် G20 ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားအစည်းအဝေးတွင် အိနိ္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် တွေ့ဆုံအပြီး မက်ခရွန်က ဟင်ဒီဘာသာဖြင့် ရေးသားထားသည့် တွစ်တာတွင် ယခုကဲ့သို့ မှတ်ချက်ပေးခဲ့သည်။

“သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် နည်းပညာတီထွင်မှု ကိစ္စရပ်တွေမှာ ရည်မှန်းချက်တွေကို မျှဝေဆွေးနွေးခဲ့ပါတယ်။ အင်ဒို-ပစိဖိတ်ကဲ့သို့ အရေးကိစ္စများတွင် ခိုင်မာသော ရလဒ်များ ထွက်ပေါ်စေဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု ပြင်သစ်သမ္မတက တွစ်တာတွင် ရေးသားခဲ့သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးအက်စ်ဂျိုင်ရှန်ကာနှင့် နိုင်ငံတော် လုံခြုံရေးအကြံပေးအရာရှိ အာဂျစ်ဒိုဗယ်တို့လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း အာဖဂန်နစ္စတန် အခြေအနေအပါအဝင် ဒေသတွင်းကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly