အာဖရိကပဋိပက္ခများက တရုတ်စီးပွားရေးကို ခြိမ်းခြောက်နိုင်သလား

အာဖရိကပဋိပက္ခများက တရုတ်စီးပွားရေးကို ခြိမ်းခြောက်နိုင်သလား

အာဖရိကတစ်ဝန်းတွင် မတည်မငြိမ်ဖြစ်ပွားမှုများပြားလာခြင်းကြောင့် ပြည်တွင်းနိုင်ငံရေးကို ရှောင်ရှားပြီး ပုံမှန်အတိုင်း စီးပွားရေးကို ဆက်လက်လုပ်ဆောင်မည့် တရုတ်၏ မူဝါဒအပေါ် အာရုံစူးစိုက်မှုများ လတ်တလော ထွက်ပေါ်လာပြီး အဆိုပါ ချဉ်းကပ်မှုက ဆက်လက်အလုပ်ဖြစ်နိုင်မည်လားဟု မေးခွန်းထုတ်လာခဲ့ကြသည်။

တရုတ်အစိုးရ၏ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်တွင်းစစ်နှင့် အာဏာသိမ်းမှု များကြားတွင်ပင် တရုတ်ကုမ္ပဏီများသည် နှစ်ပေါင်းများစွာ အရဲစွန့် အလုပ်လုပ်ကိုင်ပြီး အနောက်တိုင်း ကုမ္ပဏီ များက လက်ရှောင်ထားသော ရန်လိုသည့်ပတ်ဝန်းကျင်များတွင် ရှင်သန်ကြီးထွားလာခဲ့သည်။

ဂျော့ဝါရှင်တန်တက္ကသိုလ်၏ အဲလီရက်နိုင်ငံတကာရေးရာကျောင်း မှ ပါမောက္ခ ဒေးဗစ်ရှန်က အာဖရိက ၃ နိုင်ငံဖြစ်သည့် အီသီယိုးပီးယား၊ ဂီနီနှင့် ဆူဒန်တို့တွင် မကြာသေးမီက တရုတ်နိုင်ငံသားများနှင့် အကျိုးစီး ပွားများ ခြိမ်းခြောက်ခံရမှုများကို ဖော်ပြပြီး လက်ရှိချည်းကပ်မှုကို ထောက်ပြခဲ့သည်။

တရုတ်သည် အဆိုပါ ၃ နိုင်ငံစလုံးတွင် အကျိုးစီးပွားအများအပြားရှိပြီး အီသီယိုးပီးယားတွင် ချေးငွေနှင့် ရင်းနှီးမြှုပ်နှံအများအပြား ပြုလုပ်ထားခြင်း၊ ဂီနီတွင် ဘောက်ဆိုက်သတ္ထုတူးဖော်ခြင်းနှင့် ဆူဒန်တွင် ရေနံတူးဖော်ခြင်းတို့ ဖြစ်သည်။

“ကိစ္စရပ်သုံးခုစလုံးမှာ တရုတ်က အီသီယိုးပီးယားနိုင်ငံ၊ တီဂရေးဒေသကနေ သူ့နိုင်ငံသားတွေကို ဘေးလွတ်ရာ ကို လျင်လျင်မြန်မြန်ကယ်ထုတ်ကာကွယ်ပေးခဲ့ပြီး ဆူဒန်နဲ့ ဂီနီမှာ အန္တရယ်မှရှောင်းရှားကာ လှုပ်ရှားမှုများကို ဆိုင်းငံ့ထားဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု အီသီယိုးပီးယားဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ရှန်က ပြောကြားခဲ့သည်။

"အီသီယိုးပီးယားပြည်တွင်းစစ်မှာ တရုတ်က ဘက်မလိုက်ခဲ့သလို၊ အခုအချိန်အထိ ဆူဒန်မှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်အပေါ် ဘက်မလိုက်ဘဲ ရှိနေဆဲပါပဲ"

သို့သော် ဂီနီနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခြင်းကို တရုတ်က ဆန့်ကျင်ပြီး ရွေးကောက်ခံ အရပ်သား သမ္မတ အဲလ်ဖာ်ကိုဒီကို ချက်ချင်း ပြန်လွှတ်ပေးရန် စစ်တပ်အစိုးရသစ်ကို တောင်းဆိုလိုက်သည်။

အမေရိကန်ကဲ့သို့သော အခြားနိုင်ငံများက ဆူဒန်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်နေစဉ် တရုတ်နိုင်ငံသည် ဒါဖာစစ်ပွဲများအတွင်း ဆူဒန်နိုင်ငံတွင် စီးပွားရေးဆက်လက်လုပ်ကိုင်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly