မြန်မာလုပ်သားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်သည့်အပေါ် ပြန်သုံးသပ်ရန် UNFC ထိုင်းအစိုးရထံ စာပို့

မြန်မာလုပ်သားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်သည့်အပေါ် ပြန်သုံးသပ်ရန် UNFC ထိုင်းအစိုးရထံ စာပို့

ချင်းမိုင်၊ ဒီဇင်ဘာ ၂၆ ။ ။ ထိုင်းတောင်ပိုင်း ကော့သောင်(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံမှုဖြင့် သေဒဏ်ချမှတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး ဥပဒေအကြောင်းအရ ပြန်လည် စဉ်းစားသုံးသပ်သင့်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) က အိတ်ဖွင့်ပေးစာတစ်စောင်ကို ထိုင်းတော်ဝင်အစိုးရသို့ ပေးပို့လိုက်သည်။

ဒီဇင်ဘာလ ၂၄ ရက်က ဇော်လင်းနှင့် ဝေဖြိုးတို့အား လူသတ်မှုနှင့် အဓမ္မပြုကျင့်မှု၊ နိုင်ငံတွင်း ခိုးဝင်နေထိုင်မှု စသည့် ပုဒ်မများဖြင့် သေဒဏ်ချမှတ်ခဲ့သလို၊ အခြား အမှု ၅ မှုကိုလည်း သီးခြားအမိန့်ချမှတ်မှုအပေါ် UNFC ၏ အထွေထွေအတွင်ေးရးမှူး ခူဦးရယ်၏ လက်မှတ်ဖြင့် ထိုင်းဝန်ကြီးချုပ် ထိုင်းတော်ဝင်အစိုးရအဖွဲ့
ထိုင်းဘရင့်နိုင်ငံတော်သို့ ဒီဇင်ဘာလ ၂၆ ရက်က မေတ္တာရပ်ခံလိုက်ခြင်း ဖြစ်သည်။

“နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ဘုံအကျိုးစီးပွားတို့အပေါ် လေးစား အသိအမှတ်ပြု၍လည်းကောင်း အကျဉ်းချခံရသူများ၏ လွှတ်ငြိမ်းချမ်းသာခွင့်အပေါ်တွင် နိုင်ငံသားတို့ ရရှိခံစားထိုက်သည့် အခွင့်အရေးများကိုလည်းကောင်း ဥပဒေကြောင်းအရ ပြည်လည် စဉ်းစားသုံးသပ်သင့်ပါကြောင်း အလေးအနက်ထား မေတ္တာရပ်ခံတင်ပြအပ်ပါသည်”ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးမှ မြန်မာနိုင်ငံသား နှစ်ဦးအား အမြင့်ဆုံး သေဒဏ် ချမှတ်မှုအပေါ် UNFC အနေဖြင့် လွန်စွာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပါကြောင်း ဆိုထားသည်။

ထို့ပြင် တရားခံဟု စွတ်စွဲခံထားရသူ မြန်မာနိုင်ငံသားများ၏ နောက်ကြောင်း ရာဇဝင်အရသော်လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နေစဉ်အတွင်း ၎င်းတို့နေထိုင်သော ပတ်ဝန်းကျင်၏ ထွက်ဆိုချက်များ၊ မူခင်းဖြစစဉ်နှင့် သက်သေအထော်ကအထားများအရ ၎င်းတို့နှစ်ဦးအနေဖြင့် အပြစ်ကျူးလွန်ခဲ့ခြင်း မရှိကြောင်း အများက ယုံကြည်ထားသည်ဟု အိတ်ဖွင့်ပေးစာက ဆိုသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်က လွှတ်လပ်ရေးရခဲ့ချိန်မှစ၍ ယနေ့တိုင် အခြေခံ နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်သေးသည့်အတွက် ပြည်သူလူထုများ လူမှုဆင်းရဲ ဒုက္ခမျိုးစုံဖြင့် ချွတ်ခြုံကျလျက် ရှိကာ တိုင်းပြည် ထူထောင်ရေးလည်း ကောင်းမွန်စွာ မလုပ် ဆောင်နိုင် သည့်အတွက် အခြေခံ အဆောက်အဦးများမှာလည်း လစ်ဟာလျက်ရှိသလို၊ အကျိုး ဆက် အနေနဲ့ အလုပ်အကိုင် ပိုမို ဖွံ့ဖြိုးတိုးတက်မှုရှိသည့် အိမ်နီးချင်းနိုင်ငံ များသို့ရွှေ့ပြောင်း သွားလာ၍ အလုပ်အကိုင် အခွင့်အလန်းသစ်များ ရှိဖွေလုပ်ကိုင်ခြင်းဖြင့် သက်မွေး ဝမ်းကျောင်းပြုမှုများ တစ်နေ့တစ်ခြား တိုးပွားလျက်ရှိသည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ် ချမှတ်လိုက်ပြီးနောက် ပြည်တွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများကလည်း အမှုအား ပြန်လည် သုံးသပ်ရန် ထုတ်ပြန်ခဲ့ကြသည်။ မြန်မာနိုင်ငံသားနှစ်ဦးအား တသေဒဏ်ချမှတ်လိုက်မှုအပေါ် ကန့်ကွက်ကြောင်းနှင့် အမှုနှင့် ပြစ်ဒဏ်အား ပြန်လည် စစ်ဆေးသုံးသပ်ပေးရန် ေ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က တာင်းဆိုထားသည်။

မြန်မာနိုင်ငံ သတင်းစားဆရာအသင်း(MJA) မှ ထိုင်းနိုင်ငံ သတင်းစာဆရာအသင်း (TJA)သို့ သေဒဏ်ချမှတ်မှုနောက် စိတ်ပျက်ဖွယ် ဗျူရိုကရက်နှင့် တရားစီရင်ရေး ယန္တရားကြီး နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်ရေး ပူးပေါင်းဆောင်ရွက်ကြရန် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာ(၂၃နှစ်) နှင့် ဒေးဗစ်(၂၄)နှစ်တို့ ကော့်သောင်း(လိပ်ကျွန်း)တွင် အဓမ္မပြုကျင့်ခံရ၍ အသတ်ခံခဲ့မှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝေဖြိုးတို့က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly