ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့လမ်းမကြီးကို လုံခြုံရေးတင်းကျပ်ပြီး ပြန်ဖွင့်

ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့လမ်းမကြီးကို လုံခြုံရေးတင်းကျပ်ပြီး ပြန်ဖွင့်

နိုဝင်ဘာ ၃

ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလလမ်းအား ကိုးလကြာ ပိတ်ထားခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၃ရက် နံနက်က လုံခြုံရေးတင်းကျပ်ပြီးပြန်လည်ဖွင့်လှစ်လိုက်သည်။

ဖေဖော်ဝါရီ ၁ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူလူထုက ဆန္ဒပြပွဲများ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သည့် အဆိုပါနေရာကို လမ်းပိတ်ထားခဲ့ခြင်းဖြစ်သည်။

"လမ်းပြန်ဖွင့်ထားတာ ဟုတ်ပါတယ်။ ဒါ​ပေမဲ့ ကား​တွေ​တော့ မ​ပြောတတ်ဘူး။ လူ​တွေက​တော့ ရဲရဲတင်းတင်း ဖြတ်ရဲမယ် မထင်ဘူး။ အဲဒီရှေ့မှာ စစ်ကားအကြီး​တွေ ရှိတယ်။ စစ်သား​တွေလည်း အပြည့်ပါတယ်။ လုံခြုံ​ရေး​ တော်​တော်တင်းကျပ်ထားတာ​တွေ့တယ်" ဟု လမ်းသွားလမ်းလာ ပြည်သူတစ်ဦးက မဇ္စျိမ ကို​ပြောသည်။

အာဏာသိမ်းစ ကာလများကမူ မြို့​တော်ခန်းမ​ရှေ့၌ ​နေ့စဉ်ရက်ဆက် ပြည်သူလူထု၏ ဆန္ဒပြပွဲများ၊ သပိတ်များပြုလုပ်ခဲ့ရာ အဆိုပါ​နေရာ၌ လမ်းပိတ်ဆို့ထားပြီး ​ရဲကား၊ စစ်ကား၊ ​ရေကား၊ အဓိကရုဏ်းဖြိုခွင်း​ရေးကားများဖြင့် အသင့်​နေရာယူထားသည့်‌ နေရာဖြစ်သည်။

လက်ရှိအချိန်တွင်​ မဟာဗန္ဓုလလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်​ပေးခဲ့​​သော်လည်း မြို့​တော်ခန်းမ​ရှေ့၌ လုံခြုံ​ရေးအပြည့်ယူထားသည်ကို ​တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly