တောင်ဥက္ကလာပမြို့နယ်က ကျောင်းသားသမဂ္ဂများ၏ စုပေါင်းသပိတ်စစ်ကြောင်း

03 November 2021
တောင်ဥက္ကလာပမြို့နယ်က ကျောင်းသားသမဂ္ဂများ၏ စုပေါင်းသပိတ်စစ်ကြောင်း

နိုဝင်ဘာ ၃

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများက ယနေ့ အောက် တိုဘာ ၃ရက်နေ့ နေ့လယ်တွင် စစ်အာဏာရှင်ကျရှုံးရေး၊ အဖိနှိပ်ခံပြည်သူလူထုလွတ်မြောက်ရေး၊

တောင်တန်းပြည်မညီညွတ်ရေး ကြွေးကြော်ဆန္ဒပြပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်ပုံအား မီးရှို့ဖျက်ဆီးကာ ဆန္ဒပြခဲ့ကြသည်။

စစ်ကြောင်းကို တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ၊ အ.ထ.က(၁)တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂ၊အ.ထ.က(၂)တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂ၊ အ.ထ.က(၃)တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂ၊ အ.ထ.က(၄) တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Video crd: သတင်းနှင့်ပြန်ကြားရေး(ဗကသများအဖွဲ့ချုပ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly