ကိုလံဘီယာမှာ မြေပြိုမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာမှာ မြေပြိုမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး

နိုဝင်ဘာ ၃

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးသည်းထန်ပြီး မြေပြိုမှုဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်က နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးကြီးပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုတစ်ခုအတွင်း ဟိုတယ်တစ်လုံး ဖုံးလွှမ်းခံလိုက်ရတာဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ လူကိုးဦးကို အသက်ရှင်လျက် ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးဟာ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

မြေပြိုမှုဟာ အီကွေဒေါနိုင်ငံနဲ့ နယ်စပ်အနီး လူ ၇,၀၀၀ လောက်နေထိုင်တဲ့ မြို့တစ်မြို့ဖြစ်တဲ့ မယ်လာမာမြို့မှာ ယင်းနေ့ မနက်အစောပိုင်းက ဖြစ်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေအနက် ရှစ်ဦးဟာ အမျိုးသမီးတွေဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံသားတချို့လည်း ပါခဲ့တယ်လို့ အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့ UNGRD ရဲ့ ညွှန်ကြားရေးမှူး ဂျက်ဒါ ဂါဗီရီးယားက အေအက်ဖ်ပီကို ပြောပါတယ်။

ဟိုတယ်အတွင်း နောက်ထပ် လူတွေ ပိတ်မိနေတယ်လို့ ယုံကြည်ရကြောင်းနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့မြေတွေကို ရှင်းလင်းဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ၎င်းက ပြောပါတယ်။ အဆိုပါ မြေပြိုမှုဟာ အဓိကလမ်းမကြီးတစ်ခုကိုလည်း ဖုံးလွှမ်းသွားခဲ့သေးတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly