အိမ်ခြံမြေကြွေးမြီများတွင် တရုတ် ပိတ်မိနေပြီး သန်းနှင့်ချီသော အိမ်များ ရောင်းချရန် ကျန်နေသေး

အိမ်ခြံမြေကြွေးမြီများတွင် တရုတ် ပိတ်မိနေပြီး သန်းနှင့်ချီသော အိမ်များ ရောင်းချရန် ကျန်နေသေး

လက်ရှိဘဏ္ဍာရေးနှစ်၏ တတိယသုံးလပတ်တွင် တရုတ်စီးပွားရေးနှေးကွေးမှုက တရုတ်၏ အိမ်ခြံမြေ လုပ်ငန်း ပိုင်းတွင် တိုးပွားလာသောကြွေးမြီပြဿနာများကို ဖော်ပြနေပြီး နေအိမ်သန်းပေါင်းများစွာမှာ ရောင်းချရန်ကျန်နေသော်လည်း ဝယ်သူမရှိဖြစ်နေသည်။

တရုတ်အစိုးရ၏ စီးပွားရေးနှေးကွေးမှုသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ပို့ဆောင်ရေးကွင်းဆက် ပြတ်တောက်မှုများကြောင့်သာ မဟုတ်ဘဲ ဒေါ်လာ ၅ ထရီလီယံအထိ မြင့်တက်နေသည့် အိမ်ခြံမြေကြွေးမြီများ ကြောင့်လည်း ဖြစ်ကြောင်း The Hong Kong Post က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ဂျီဒီပီသည် တတိယသုံးလပတ်တွင် တိုးတက်မှုနှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းမျှသာ ရှိခဲ့သည်ဟု ဆိုပြီး လက်ရှိ စီးပွားရေး ပြဿနာ၏ အရင်းအမြစ်မှာ ကုမ္ပဏီများစွာ နက်ရှိုင်းစွာ ဒုက္ခကြုံတွေ့နေရသော အိမ်ခြံမြေကဏ္ဍတွင် ဖြစ်သည်။

ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဇူလိုင်လမှ စက်တင်ဘာလအတွင်းစီးပွားရေးသည် ဝ ဒသမ ၂ ရာခိုင်နှုန်း မျှသာတိုးတက်ခဲ့ပြီး တရုတ်နိုင်ငံသည် ၂၀၁၁ခုနှစ်တွင် ယင်းစံချိန်များကို စတင် ထုတ်ပြန်ပြီးနောက်ပိုင်း အနိမ့်ဆုံး သုံးလပတ် ဖြစ်သည်။

အိမ်ခြံမြေကဏ္ဍ ပြဿနာ၏ အဓိက အကြောင်းရင်းမှာ အိမ်ခြံမြေအခွန်မရရှိခြင်းကြောင့်ဖြစ်သည်။ ဈေးတက် သောကြောင့် အမြတ်များ တိုးလာ သော်လည်း လူတစ်ဦးသည် အိုးအိမ်ပိုင်ဆိုင်ရန်အတွက် အစိုးရထံ အခွန်ပေးဆောင်ရန် မလိုအပ်ပေ။

တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ခြံမြေအခွန်ဆောင်ရန် လိုအပ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ပြီး ဖြစ်သော်လည်း ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရခြင်းသည် ရိုးရှင်းစွာ သိသာစေသည့် အကြောင်းရင်း ဖြစ်သည်။

ပိုင်ဆိုင်မှုအခွန်များကို ပြဌာန်းခြင်းသည် အရာရှိများ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများ ဖြစ်နိုင်သည့် အိမ်ခြံမြေပိုင်ရှင်များ၏ နာမည်များစသည့် အချက်အလက်များကို အစိုးရက ရယူခွင့် ရရှိသွားမည်ဖြစ်သည်။

ထို့ကြောင့် အစိုးရက အိမ်ခြံမြေအခွန်များ ကောက်ခံမည်ကို ပြည်သူများက စိုးရိမ်မှုများရှိနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly