သီရိလင်္ကာက တရုတ်ဓာတ်မြေသြဇာများအစား အိန္ဒိယမှ နာနိုနိုက်ထရိုဂျင်အရည်ဓာတ်မြေသြဇာ များ တင်သွင်း

သီရိလင်္ကာက တရုတ်ဓာတ်မြေသြဇာများအစား အိန္ဒိယမှ နာနိုနိုက်ထရိုဂျင်အရည်ဓာတ်မြေသြဇာ များ တင်သွင်း

သီရိလင်္ကာသည် တရုတ်၏ သြဇာလွှမ်းမိုးခံနေရသည်မှာ သိသာထင်ရှားလှပြီး ယင်း၏ နယ်ချဲ့ထွင်ရေး၏ အစိတ်အပိုင်းအဖြစ် သီရိလင်္ကာတွင် ခြေကုပ် ယူနိုင်ရေး အတွက် အင်အားကြီးထွားလာနေသော ဆူပါပါဝါ တရုတ်က အခြားအခမဲ့အကူအညီများအပြင် ချေးငွေများနှင့် ထောက်ပံ့ကြေးများကို ပေးနေသည်။

မကြာသေးမီက သြဂဲနစ်ဓာတ်မြေသြဇာကြောင့် သီရိလင်္ကာ-တရုတ်ကြား ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ်လတွင် တရုတ်ပြည်ရှိ Qingdao Seawin Biotech Group Co., Ltd. မှ ပေးပို့သော အော်ဂဲနစ်မြေသြဇာနမူနာများကို ကိုလံဘိုရှိ စိုက်ပျိုးရေးဌာနမှ အလွန်ညစ်ညမ်းကြောင်း စမ်းသပ်တွေ့ရှိခဲ့ခြင်းအပေါ် သီရိလင်္ကာစိုက်ပျိုးရေးဌာန၏ အလျင်စလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်က တုံ့ပြန်ခဲ့သည်။

နမူနာများကို ၂ ကြိမ်စမ်းသပ်ပြီး ညစ်ညမ်းနေကြောင်း တွေ့ရှိခဲ့သော်လည်း Qingdao Seawin သည် တရုတ်၊ ချင်တောင်မြို့ဆိပ်ကမ်းမှ စင်ကာပူဆိပ်ကမ်းသို့ သွားသော Hippo Spirit အမည်ရှိ သင်္ဘောပေါ်သို့ ပေးပို့ရန် အော်ဂဲနစ်ဓာတ် ၁၂၁၅၀ မက်ထရစ်တန်ကို သီရိလင်္ကာသို့ တင်ပို့လိုက်သည်။

ယင်းလုပ်ရပ်ကြောင့် သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီးဌာန အာဏာပိုင်များက အံ့အားသင့်ခဲ့ရသည်။ အဆိုပါ သင်္ဘောသည် တရုတ်ပြည်သို့ ပြန်လည်ထွက်ခွာသွားခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

စပါးစိုက်ပျိုးသော လယ်သမားများအတွက် ဓာတ်မြေသြဇာကျွေးရမည့်အချိန်ကုန်သွားသဖြင့် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ အငြင်းပွားဖွယ်ရာ တရုတ်အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများကို ပယ်ဖျက်ကာ အိန္ဒိယမှ ရူပီးငွေ ၉ ဘီလီယံတန်ဖိုးရှိ နာနိုနိုက်ထရို ဂျင်အရည်ဓာတ်မြေသြဇာ (Nano urea) တင်သွင်းရန် အောက်တိုဘာ ၁၉ရက်က တောင်းဆိုခဲ့သည်။

ယခုအချိန်ထိ အိန္ဒိယသည် နာနိုယူရီးယား ၅၀ဝ မီလီလီတာစီ ပါဝင်သော ပုလင်း ၉၀,ဝဝဝ ဖြင့် လီတာ ၄၅,ဝဝဝ ကို သီရိလင်္ကာသို့ လေကြောင်းဖြင့် ပို့ဆောင်ထားပြီးဖြစ်သည်။

သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အဂျန်တာဒီဆေဗာက အိန္ဒိယမှ နာနိုယူရီးယား လီတာ ၂ ဒသမ ၁ သန်း တင်သွင်းမည်ဟု ပြည်တွင်း မီဒီယာများကို ပြောကြားခဲ့သည်။

စမ်းသပ်ချက်အစီရင်ခံစာကို တရုတ်တို့က မကျေမနပ်တောင်းဆိုကာ ယင်းတို့၏ အော်ဂဲနစ်ဓာတ် မြေသြဇာများကို အတင်းပေးပို့ခဲ့ခြင်းကြောင့် သီရိလင်္ကာရှိ အစားအစာ သိပ္ပံပညာရှင်များစွာကို ဒေါသထွက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly