တရုတ်က ပုဂ္ဂလိကကဏ္ဍကို ဖြိုခွဲရန် '၅နှစ် အုပ်ချုပ်မှု အစီအစဉ်' အသစ်ကို စတင်

တရုတ်က ပုဂ္ဂလိကကဏ္ဍကို ဖြိုခွဲရန် '၅နှစ် အုပ်ချုပ်မှု အစီအစဉ်' အသစ်ကို စတင်

သမ္မတ ရှီကျင်ဖျင်၏ ကွန်မြူနစ်ပါတီက "'၅နှစ် အုပ်ချုပ်မှု အစီအစဉ်" အသစ်ကို စတင်လိုက်ခြင်းနှင့်အတူ တရုတ်အစိုးရက ပုဂ္ဂလိကကဏ္ဍအပေါ် ဖိနှိပ်မှုကို အရှိန်မြှင့်လိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် နည်းပညာကုမ္ပဏီများမှသည် ဖျော်ဖြေရေး လုပ်ငန်းအထိနှင့် ယင်း၏ လုပ်ပိုင် ခွင့်ကိုကျော်ကာ ဆင်ဆာဖြတ်တောက်မှုကို သိသိသာသာ တိုးမြှင့်လိုက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်သော မူဝါဒ သုတေသနအဖွဲ့(POREG)က ဆိုသည်။

ရှီကျင့်ဖျင်၏ အုပ်ချုပ်မှုအောက်တွင် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသားများ လက်လှမ်းမီ သည့် အချက်လက်များကို ထိန်းချုပ်မှုသည် ပိုမိုတင်းကျပ်လာခဲ့သည်ဟု ပညာရှင်က ပြောကြားခဲ့သည်။

"YouTube အပါအဝင် Reddit၊ Yahoo၊ Snapchat၊ Instagram၊ Facebook ကဲ့သို့သော ကမ္ဘာ့အသုံး အများဆုံး အပလီကေးရှင်းများကို တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသည်။ တရုတ်၏ အချက်အလက်နှင့် အင်တာနက်ကို ဆင်ဆာဖြတ်တောက်မှုသည် ရှုပ်ထွေးမှုဆီသို့ ဦးတည်နေပြီး လူတိုင်း ယင်းဒဏ်ကို ခံစားနေရသည်" ဟု POREG က ပြောကြားခဲ့သည်။

အာဖရိက၊ အာရှ-ပစိဖိတ်ဒေသ၊ လက်တင်အမေရိကနိုင်ငံများနှင့် ဥရောပနိုင်ငံများတွင်လည်း အတိုင်းအတာ တစ်ခုအထိ ဝါဒဖြန့်ဇာတ်ကြောင်းကို စိုးမိုးခြယ်လှယ်ရန် တရုတ်က ကြိုးပမ်းနေသည်။

တရုတ်မီဒီယာများကို တရုတ်ကွန်မြူနစ်ပါတီက တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားသော်လည်း အစိုးရသည် နိုင်ငံပြင်ပတွင် လွတ်လပ်သောစာနယ်ဇင်းများကို အသုံးချရန် စီစဉ်နေသည်။

မကြာသေးမီနှစ်များအတွင်း သမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်ကွန်မြူနစ်ပါတီတို့သည် အစိုးရနှင့် ပုဂ္ဂလိကပိုင် မီဒီယာများကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့ပြီး လူမှုမီဒီယာကို စောင့်ကြည့်မှု တိုးမြှင့်ကာ တရုတ်၏ ဖိနှိပ်မှုပုံစံကို အခြားနိုင်ငံများသို့ ရောက်ရှိအောင် ပိုမိုတက်ကြွစွာလုပ်ကိုင်ခဲ့ကြောင်းကို ၂၀၂၀ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် RSF အစီရင်ခံစာတွင် ဖော်ပြထားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်မှု အညွှန်းကိန်းတွင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၇ တွင် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly