အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုမည်မဟုတ်ဟု စစ်ကောင်စီ ထပ်ပြော

အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုမည်မဟုတ်ဟု စစ်ကောင်စီ ထပ်ပြော

နိုဝင်ဘာ ၃

အာဆီယံ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုမည် မဟုတ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု သိရသည်။

အာဆီယံ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုပါက ယင်းသည် နိုင်ငံ၏ ပြည်တွင်း ဥပဒေများကို ကျော်လွန်လုပ်ဆောင်ရာ ရောက်မည် ဖြစ်သည့်အတွက် တွေ့ဆုံခွင့်ပြုမည်မဟုတ်ကြောင်း စစ်ကောင်စီ ဒုဥက္ကဋ္ဌက ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရားရင်ဆိုင်နေရသူဖြစ်ကြောင်းနှင့်  တခြား မည်သည့်နိုင်ငံမဆို ဥပဒေကိုကျော်လွန်ပြီး ယင်းကဲ့သို့သော တွေ့ဆုံခွင့်ပြုမှုမျိုးကို ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် အထူးသံတမန်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် မြန်မာအကြား ဆွေးနွေးသဘောတူထားခဲ့သည်မှာ အထူးသံတမန်၏ ခရီးစဉ်သည် မြန်မာပြည်တွင်း တည်ငြိမ်မှုအပေါ် မူတည်လိမ့်မည်ဟု ဆွေးနွေးသဘောတူခဲ့မှု ရှိခဲ့ကြောင်း စစ်ကောင်စီ ဒုဥက္ကဋ္ဌက ပြောခဲ့သည်ဟု စစ်အုပ်စုထိန်းချုပ်သည့် နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required