NLD အစိုးရ လက်ထက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အဖွဲ့ဝင်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့် စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံ

NLD အစိုးရ လက်ထက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အဖွဲ့ဝင်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့် စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံ

နိုဝင်ဘာ ၂

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အဖွဲ့ဝင်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့ ယနေ့ နိုဝင်ဘာလ ၂ ရက် မနက်ပိုင်း အချိန်တွင် နေပြည်တော်ရှိ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

မစ္စတာဘီလ်ရစ်ချတ်ဆန်သည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံပေးရေးနှင့် အမေရိကန်နိုင်ငံမှ တစ်ဆင့် COVID -19 ရောဂါ ကာကွယ်ဆေးကူညီပေးမည့် အခြေအနေများကို ဆွေးနွေးကြသည်ဟု စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

သို့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြခြင်း ရှိ/မရှိနှင့် မစ္စတာဘီလ်ရစ်ချတ်ဆန်အနေနှင့် မည်ကဲ့သို့သော အကြောင်းအရာများကို ပြောဆိုခဲ့သည်ဆိုသည့် အသေးစိတ်များကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိ‌ပေ။

နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ရန် မြန်မာအာဏာသိမ်း စစ်ကောင်စီကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၁ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့အပြီး ယနေ့တွင် တွေ့ဆုံခဲ့ကြခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required