ကဘူးလ်မြို့တော်က စစ်ဆေးရုံအနီး ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွား 

ကဘူးလ်မြို့တော်က စစ်ဆေးရုံအနီး ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွား 
Photo: : AFP

နိုဝင်ဘာလ ၂ ရက်

ကဘူးလ်မြို့တော်က စစ်ဆေးရုံအနီး ပေါက်ကွဲမှုနဲ့ ပစ်ခတ်သံတွေ ကြားရတဲ့နောက်မှာ အာဖဂန် တာလီဘန်လုံခြုံရေးတပ်တွေဟာ ဖြစ်ပွားရာဆီ ကားနဲ့ အပြေးသွားရောက်ကြပါတယ်။ အဝေးတစ်နေရာကလည်း မီးခိုးလုံးတွေ လွင့်တက်နေတာကို မြင်တွေ့ရပါတယ်။ 

အင်္ဂါနေ့မှာ စစ်ဆေးရုံအနီး ပေါက်ကွဲမှု နှစ်ရပ်ဖြစ်ပွားတယ်လို့ တာလီဘန် တာဝန်ရှိသူတွေက ပြောပြီး မျက်မြင်တွေကတော့ ပစ်ခတ်မှုတွေပါ ဖြစ်တယ်လို့ ပြောကြပါတယ်။ 

“ဆေးရုံထဲ ကျွန်တော် ရှိနေတာပါ၊ ပထမစစ်ဆေးရေးဂိတ်ကနေ ပေါက်ကွဲသံကြီး ကြားလိုက်ရတယ်၊ ကျွန်တော်တို့ကို ဘေးကင်းတဲ့ အခန်းဆီ သွားကြဖို့ ပြောကြတယ်၊ နောက်တော့ သေနတ်သံတွေပါ ကြားတာပဲ”လို့ ဆာဒါးမိုဟာမတ်ဒက်ဒ်ခန်း ဆေးရုံက ဆရာဝန်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ 

နောက် မိနစ်အနည်းငယ်မှာ ဒုတိယမြောက် ပေါက်ကွဲသံကို အေအက်ဖ်ပီသတင်းထောက်က ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ 

ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားကြောင်းကို တာလီဘန် မီဒီယာ ပြောခွင့်ရသူတစ်ဦးက အတည်ပြုပါတယ်။ 

“ပေါက်ကွဲမှုတစ်ခုက စစ်ဆေးရုံ ဂိတ်မှာပါ၊ နောက်ထပ် ပေါက်ကွဲမှုကတော့ ဆေးရုံအနီး တစ်နေရာရာကပဲ ဖြစ်တယ်၊ ဒါကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်၊ နောက်ပိုင်း အသေးစိတ် ထုတ်ပြန်ပါမယ်”လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

ဖြစ်ပွားရာဆီ တာလီဘန်အထူးတပ်ဖွဲ့ ရောက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးထာန ပြောခွင့်ရသူ ကာရီဆာအိဒ်ခိုစတေးက ဆိုပါတယ်။ 

“ပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်မှုတွေ ရှိပါတယ်၊ နောက်ပိုင်း သတင်းထုတ်ပြန်ပါမယ်”လို့ သူက ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly