ဆိပ်ဖြူမြို့နယ် အင်းဂံရွာအနီးက Mytel တာဝါတိုင်အားမီးရှို့ဖျက်စီး

By OAK
02 November 2021
ဆိပ်ဖြူမြို့နယ် အင်းဂံရွာအနီးက Mytel တာဝါတိုင်အားမီးရှို့ဖျက်စီး

နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အင်းဂံကျေးရွာအနီးရှိ Mytel တာဝါတိုင်အား အောက်တိုဘာလ ၃၁ရက် ည၁၂အချိန်တွင် Central Armed Forces (CAF-MGPDF) နှင့် King Fighter တို့ ပူးပေါင်း၍ မီးရှို့ဖျက်စီးခဲ့သည်။

ယင်းအပြင် ဆိပ်ဖြူမြို့နယ် ကင်မွန်းထောင့်ကျေးရွာရှိ ဒလန်ဟုဆိုသူတစ်ဦး၏ နေအိမ်ကိုလည်း ထိုနေ့ ည ၁၂နာရီခွဲတွင် လက်ပစ်ဗုံးဖြင့် ပစ်၍ သတိပေးခဲ့သေးသည်ဟု ၎င်းတို့ အဖွဲ့က ထုတ်ပြန်ထားသည်။

"ခြိမ်းခြောက်ရုံသက်သက်ပဲလုပ်လိုက်တာ လူတော့ မထိသွားဘူး" ဟု မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MGPDFက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly