စစ်ကောင်စီခြေကုပ်ယူထားသော မဟာဗန္ဓုလပန်းခြံ ယနေ့ ပြန်လည်ဖွင့်ပေး

စစ်ကောင်စီခြေကုပ်ယူထားသော မဟာဗန္ဓုလပန်းခြံ ယနေ့ ပြန်လည်ဖွင့်ပေး

နိုဝင်ဘာ ၁

စစ်အာသိမ်းယူသည့် ဖေဖော်ဝါရီလပိုင်းက စတင်ကာ စစ်ကောင်စီတပ်များခြေကုပ်ယူထားသော ရန်ကုန်မြို့တော်ခန်းမအရှေ့ရှိ မဟာဗန္ဓုလပန်းခြံကို ယနေ့ နိုဝင်ဘာ ၁ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ပန်းခြံပြန်လည်ဖွင့်လှစ်ပြီဆိုသော်လည်း ဝင်ရောက်လည်ပတ်သူ အနည်းငယ်သာရှိနေသည်။

"ပန်းခြံသာဖွင့်လိုက်တာ သူတို့က မြို့တော်ခန်းမဘက်အခြမ်းမှာ စစ်ကားတွေရောအင်အားရော ချထားတော့မသွားရဲဘူး။ ပစ်ရယ်ခတ်ရယ်ဆို မပြေးနိုင်ဘူး။ "ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ရှင်းပြသည်။

ယနေ့ နိုဝင်ဘာ ၁ ရက်တွင်စစ်ကောင်စီက အများပြည်သူနှင့်သက်ဆိုင်သောအပန်းဖြေနေရာအချို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သလို အခြေခံပညာကျောင်းများအားလုံးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly