မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၉ လပြည့် ချီတက်ဆန္ဒပြ

01 November 2021
မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၉ လပြည့် ချီတက်ဆန္ဒပြ

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၉ လပြည့် အထိမ်းအမှတ် "အဆုံးထိဆက်တော်လှန်နေအုန်းမှာဘဲ ဘယ်တော့မှ သွေးအေးသွားမှာမဟုတ်" ဆိုသည့် ခေါင်စဉ်ဖြင့်ယနေ့နိုင်ဝင်ဘာလ ၁ ရက် ညနေတွင် စုပေါင်းသပ်တ်စစ်ကြောင်းများ ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် မန္တလာတက္ကသိုလ်ကျောင်းသား/သူများစစ်ကြောင်း ၊ မြတောင် စစ်ကြောင်း ၊ မန္တလေးအခြေစိုက်လူထု စစ်ကြောင်း ၊ အရမ်းညီတဲ့ ချမ်းစည် စစ်ကြောင်းနှင့် သမဝါယမကျောင်းသား/သူများ စစ်ကြောင်း တို့ပူးပေါင်းချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly