"ထန်တလန်ကိုရှို့တဲ့မီး တပြည်လုံးကို လောင်တယ်ဟေ့" ​ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တစ်​နေရာတွင် ဆန္ဒထုတ်​ဖော်ပွဲပြုလုပ်

By ဂန္ဒမာ
01 November 2021
"ထန်တလန်ကိုရှို့တဲ့မီး တပြည်လုံးကို လောင်တယ်ဟေ့" ​ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တစ်​နေရာတွင် ဆန္ဒထုတ်​ဖော်ပွဲပြုလုပ်

နိုဝင်ဘာ ၁

"ထန်တလန် ကိုရှို့တဲ့မီး တပြည်လုံးရင်ကိုလောင်တယ်ဟေ့"ခေါင်းစဉ်ဖြင့် လှုံ့​ဆော်ဆန္ဒပြပွဲကို ယ​နေ့ နိုဝင်ဘာလ ၁ ရက်​နေ့ ည​နေ ၄ နာရီဝန်းကျင်က ရန်ကုန်မြို့တစ်​နေရာတွင် ပြုလုပ်ခဲ့သည်။

တကသ​ကျောင်းသားများ၊ OCTOPUSများ၊ LGBT Alliance၊ မြို့နယ်​သပိတ်​ကော်မတီများ၊ Labour Alliance အဖွဲ့တို့ ပူး​ပေါင်းကာ ထန်တလန်မြို့သူမြို့သားများနှင့်အတူ ရပ်တည်ပြီး စစ်ကောင်စီဖြုတ်ချရေးအတွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

"ဒီ​နေ့ ကျွန်​တော်တို့ သပိတ်ထွက်ဖြစ်ပါတယ်၊ ထွက်ဖြစ်တဲ့အ​ကြောင်းအရင်းက ရှင်းပါတယ်။ ကျွန်​တော်တို့နိုင်ငံရဲ့အာဏာကို​အောက်တန်းကျတဲ့နည်းနဲ့ယူထားစစ်​ကောင်စီကို ကျွန်​တော်တို့က ဒီလိုအကြမ်းဖက်ယုတ်မာမှု​တွေကိုလက်မခံနိုင်ဘူး၊ ကျွန်​တော်တို့ ဒီမိုက​ရေစီတိုက်ပွဲမှာဆိုရင်လည်း ​တောင်တန်း ပြည်မ ညီညွတ်ကြ​စေဆိုတဲ့ခံယူချက်နဲ့ ​တောတွင်းလက်နက်ကိုင်​တွေ(ထားပါ​တော့ဗျာ) ​တိုင်းရင်းသားလက်နက်ကိုင်​တွေဆိုရင်လည်း စစ်​ဘေးဒုက္ခကိုခံခဲ့တာ နှစ်​ပေါင်းများစွာကြာခဲ့​ပေမယ့်လည်း နိုင်ငံအာဏာသိမ်းမှူဖြစ်တဲ့အချိန်မှာ ကျွန်​တော်တို့ပြည်သူပြည်သား​တွေနဲ့တစ်​သွေးထဲတစ်သားထဲ သူတို့ကိုယ်တိုင်ကအစ တိုက်ပွဲဝင်​ပေး​နေတာဖြစ်တဲ့အတွက် ဒီ​တောင်တန်း​ဒေသကိုထိလာ​တော့လည်း ကျွန်​တော်တို့ပြည်မက ဆတ်ဆတ်ခါ​အောင် အသဲနာတယ်ဆိုတဲ့စိတ်နဲ့ လမ်း​ပေါ်ထွက်လာကြတာပါ" ဟု သပိတ်ဦး​​ဆောင်သူတစ်ဦးက မဇ္စျိမကို ​ပြောသည်။

Video - Ye Nyi Htet

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly