မန်စီးတီးအသင်းချန်ပီယံဖြစ်နိုင် မဖြစ်နိုင် ဇန်နဝါရီတွင် အဖြေပေါ်မည်

မန်စီးတီးအသင်းချန်ပီယံဖြစ်နိုင် မဖြစ်နိုင် ဇန်နဝါရီတွင် အဖြေပေါ်မည်

ဒီဇင်ဘာ ၂၆၊ မန်ချက်စတာ ။             ။ မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်မှာ ဇန်နဝါရီလတွင် အဖြေပေါ်မည်ဖြစ်ကြောင်း နည်းပြ ပယ်လီဂရီနီက ပြောသည်။ မန်စီးတီးအသင်းသည် စနေနေ့တွင် ဆန်းဒါးလန်းအသင်းနှင့်ရင်ဆိုင်ပြီးနောက် အင်္ဂါနေ့တွင် လက်စတာအသင်းနှင့် ကစားရမည်ဖြစ်သည်။

ရာသီကုန်တွင် ဂွာဒီယိုလာနှင့်အစားထိုးခံရဖွယ်ရှိနေသည့် ပယ်လီဂရီနီက ၎င်း၏မန်စီးတီးအသင်းသည် ယခုနှစ်အတွက် များစွာမျှော်လင့်ခြင်း မခံရသော်လည်း ဒဏ်ရာပြဿနာကင်းစင်နေပါက ယင်းအခြေအနေကို ပြောင်းလဲပစ်နိုင်မည်ဟု ယုံကြည်နေသည်။

"ခင်ဗျားရဲ့မေးခွန်းကို ဇန်နဝါရီလကုန်ကျရင် ပြန်ဖြေပေးပါ့မယ်။ ဇန်နဝါရီလကုန်လောက်ဆိုရင် အသင်းအခြေအနေကို ကျွန်တော်တို့ မြင်တွေ့ ကြရမှာပါ။ ဇန်နဝါရီကုန်မှာ ကျွန်တော်တို့ ကက်ပီတယ် ဝမ်းဗိုလ်လုပွဲ ရောက်ချင်လည်းရောက်မယ်။ အက်ဖ်အေဖလားမှာဆက်ရှိချင်လည်းရှိမယ်။ အမှတ် ပေးဇယားထိပ်မှရှိချင်ရှိနိုင်သလို ဇယားထိပ်နဲ့ ခြောက်မှတ်၊ ရှစ်မှတ်လောက်လဲ ကွာချင်ကွာနေမယ်။

တစ်သင်းလုံး ကျစ်လျစ်တည်ငြိမ်နေဖို့ သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ပုံမှန်ခြေမှာမကစားနိုင်ဘူးဆိုတာကိုတော့ သဘောတူပေမယ့် ရှုံးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲ အကြောင်းကိုတော့ ကျွန်တော်မပြော လိုပါဘူး။

ကျွန်တော်တို့အသင်းပုံမှန်ပြန်ဖြစ်ဖို့ သိပ်အရေးပါတဲ့အပြောင်းအလဲတစ်ခုလို့ပဲ ယူဆပါတယ်"ဟု ပယ်လီဂရီနီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly