အိန္ဒိယအစိုးရက အကြမ်းဖက်ဝါဒကို လုံးဝသည်းမခံဟု ပြည်ထဲရေးဝန်ကြီး ပြောကြား

အိန္ဒိယအစိုးရက အကြမ်းဖက်ဝါဒကို လုံးဝသည်းမခံဟု ပြည်ထဲရေးဝန်ကြီး ပြောကြား

အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာဟာသည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၊ ပူလ်ဝါမာခရိုင် လက်ပိုဝါဧရိယာရှိ ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) သင်တန်းကျောင်းသို့ အောက်တိုဘာ ၂၅ ရက်က သွားရောက်၍ မိန့်ခွန်း ပြောကြားရာတွင် ဝန်ကြီးချုပ် မိုဒီ၏ အစိုးရအနေဖြင့် အကြမ်းဖက်ဝါဒအပေါ် လုံးဝသည်းခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အာမစ်ရှာဟာက “ကက်ရှ်မီးယားဒေသမှာ တစ်ချိန်က ကက်ရှ်မီးယားဒေသမှာ ကျောက်တုံးနဲ့ ပစ်ကြတဲ့ အလေ့အထရှိခဲ့ကြပါတယ်။ အခုခါမှာ ဒီပြဿနာတွေ သိသိသာသာ ကျဆင်းသွားခဲ့ပြီ။ ဝန်ကြီးချုပ် မိုဒီအစိုးရအနေနဲ့ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်လို့ လုံးဝသည်းခံမှာမဟုတ်ပါဘူး။ ဒီကိစ္စဟာ လူသားမဆန်တာကြောင့် ကျွန်တော်တို့ သည်းခံမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ရှာဟာသည် အဆိုပါသင်တန်းကျောင်း၌ သင်တန်းသားများနှင့် ညစာအတူစားကာ ညအိပ်တည်းခိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly