အိန္ဒိယသည် ကမ္ဘာ့ အနုပညာရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ဟု ပြန်ကြားရေးနှင့် အသံလွှင့်ဝန်ကြီး ပြောကြား

အိန္ဒိယသည် ကမ္ဘာ့ အနုပညာရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ဟု ပြန်ကြားရေးနှင့် အသံလွှင့်ဝန်ကြီး ပြောကြား

အိန္ဒိယနိုင်ငံအား ကမ္ဘာ့အနုပညာရပ်ဝန်းတစ်ခု ဖြစ်လာနိုင်သည့် အခွင့်အလမ်းအားသာချက်များကို ကောင်းစွာ အသုံးချရန် ပြန်ကြားရေးနှင့် ရုပ်သံလွှင့်လုပ်ငန်းဝန်ကြီး အာနူရက်ကသာကာက နိုင်ငံတော်ရုပ်ရှင်ထူးချွန်ဆု ရရှိသူများအား တိုက်တွန်း ပြောကြားလိုက်သည်။

ဖျော်ဖြေရေးအတွက်သာမက အခြားအနုပညာကဏ္ဍများအတွက် ငွေကြေးသုံးစွဲနိုင်သူများအတွက်လည်း နည်းလမ်းရှာဖွေဆောင်ရွက်သွားကြရန် သာကာက ပြောကြားသည်။

ဝန်ကြီးက ၆၇ ကြိမ်မြောက် နိုင်ငံတော် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် ရုပ်ရှင်လုပ်ငန်းအနေဖြင့် ကမ္ဘာ့အနုပညာလုပ်ငန်းအတွက် အိန္ဒိယ၏ အခန်းကဏ္ဍကို သိရှိနားလည်ရန် လိုအပ်ကြောင်း သာကာက ပြောကြားသည်။

“ကမ္ဘာပေါ်က လူတိုင်းအနေနဲ့ အိန္ဒိယကို ရုပ်ရှင်တွေ လာရောက် ရိုက်ကူးချင်ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အနုပညာရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တဲ့ အလာအလာတွေ ရှိပါတယ်။ ဂရပ်ဖစ်တွေပဲ ဖြစ်ဖြစ်၊ အခြားအနုပညာဖန်တီးမှုပုံစံတွေဖြစ်ဖြစ် လုပ်ဆောင်ကြပါ။ ကျွန်တော်တို့က ဒီအခွင့်အရေးကို အသုံးချဖို့ လိုပါတယ်” ဟု ၎င်းကပြောကြားသည်။

ပြည်သူများ အခက်အခဲကာလများကို ဖြတ်ကျော်ရာတွင် ရုပ်ရှင်ရုံကြီးများ ပိတ်ထားချိန်၌ ရုပ်သံနှင့် ဝက်ဘ်ဆိုက်စီးရီးများသည် အကူအညီဖြစ်စေခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။

“ကိုဗစ်-၁၉ ဖြစ်ပွားချိန် အသွားအလာ ထိန်းချုပ်တဲ့ ကာလကို ဖြတ်သန်းရာမှာ ခင်ဗျားတို့က ကျွန်တော်တို့ အားလုံးကို ကူညီခဲ့ပါတယ်။ ကပ်ရောဂါက ကမ္ဘာကို အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်စေခဲ့ပေမယ့် ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ပြီး ဆေးအလုံးရေ ကုဋေ ၁၀၀ ထိုးပြီးတဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ တစ်ဦးနဲ့ တစ်ဦးလည်း ခပ်ခွာခွာ နေထိုင်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly