အိန္ဒိယ၏ ယခုဘဏ္ဍာနှစ်အတွင်း စီးပွားရေး တိုးတက်မှု ၉ ဒသမ ၅ရာခိုင်နှုန်း ရှိနိုင်

အိန္ဒိယ၏ ယခုဘဏ္ဍာနှစ်အတွင်း စီးပွားရေး တိုးတက်မှု ၉ ဒသမ ၅ရာခိုင်နှုန်း ရှိနိုင်

အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ယမန်နှစ်က ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုဘဏ္ဍာရေးနှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းရှိလာနိုင်သလို စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းသည် ယခင်က မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန် တိုးတက်လာကြောင်း ပြည်ပ ငွေကြေးလုပ်ငန်းအဖွဲ့အစည်းတစ်ခု၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

စီးပွားရေး တိုးတက်မှုသည် ယခုဘဏ္ဍာရေးနှစ် ဒုတိယနှစ်ဝက်တွင် ပိုမိုအရှိန်ရလာနိုင်ပြီး လာမည့်နှစ် ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်ကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

ယခုဘဏ္ဍာရေးနှစ်အတွက် အစိုးရက ဘတ်ဂျက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်တောင်းခံခဲ့သော်လည်း နို်ငငံတော် အရန်ငွေကြေးဘဏ်က ၉ ဒသမ ၅ ရာခိုင်နှုန်း သို့ လျှော့ချခဲ့သည်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခြင်းကြောင့် နိုင်ငံစီးပွားရေးသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်က စီးပွားတိုးတက်မှုနှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာ အဆိုးဆုံးနှင့် တတိယမြောက် စံချိန်တင် လျော့နည်းခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံက ကြားခံထားသော UBS Securities India ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီက အိန္ဒိယနိုင်ငံသည် ယခုဘဏ္ဍာရေးကာလ၏ ဒုတိယနှစ်ဝက်တွင် ဝယ်လိုအားများ မြင့်တက်လာခြင်းနှင့် ပြည်ပသို့ တင်ပို့ရခြင်းများကြောင်း စီးပွားရေး အရှိန်အဟုန်ကြောင်းလာနိုင်ကြောင်း ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၂ ခုနှစ်ဘဏ္ဍာရးနှစ်တွင် ၉ ဒသမ၅ ရာခိုင်နှုနးမြင့်တက်လာနိုင်ကြောင်း၊ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရသည့်ပမာဏသည် ကိုဗစ်ကပ်ရောဂါမဖြစ်ပွားမီကာလထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာနိုင်သလို အစိုးရ၏ သုံးစွဲမှုစရိတ်သည်လည်း မြင့်လာနိုင်သည်ဟု UBS Securities India ၏ စီးပွားရေးပညာရှင်အကြီးအကဲ တန်ဗီးဂွတ်ပတား၏ မှတ်ချက်ကို အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ကုန်ပစ္စည်းတင်ပို့မှုတွင် အခက်အခဲများဖြစ်ပေါ်ခြင်း၊ လောင်စာဆီကဲ့သို့ ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ပြည်တွင်း ကျောက်မီးသွေးရှားပါခြင်းတို့သည် ခိုင်မာမှုမရှိသေးသည့် စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကို ကြန့်ကြာစေခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကုမ္ပဏီအစုရှယ်ယာပိုင်းဆိုင်ရာ မဟာဗျူဟာချမှတ်သူ ဆူနေးလ်တီရူမာလိုင်က ကိုဗစ် ဒုတိယလှိုင်းအပြီး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှု တိုးတက်လာခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးပြန်လည် ကောင်းမွန်လာမည်ဟု မူဝါဒချမှတ်သူများအကြား ကျယ်ပြန့်စွာ လက်ခံထားသည်။ ၎င်းတို့သည် ၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် နိုင်ငံ၏ ဂျီဒီပီ တိုးတက်လာမည်ဟု မျှော်လင့်ထားကြသည်။

မူဝါဒ ချမှတ်သူများအနေဖြင့် တတိယလှိုင်း၏ ထိခိုက်မှုကို ထည့်သွင်းတွက်ချက်မထားသလို နိုင်ငံသားများအနေဖြင့် ကာကွယ်ဆေးအပြည့်အဝထိုးထားရန်လည်း လိုအပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly