အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် အားပြင်းငလျင်လှုပ်

အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် အားပြင်းငလျင်လှုပ်

ကဘူးလ်၊ ဒီဇင်ဘာ ၂၆ ။          ။ အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ရစ်ချ်တာစကေး ၆ ဒသမ ၃ အဆင့်ရှိ အားပြင်းငလျင်လှုပ်ရာ အိန္ဒိယအထိ ငလျင်တုန်ခါမှုဒဏ်ကို ခံစားခဲ့ရသည်။

ပါကစ္စတန်နှင့် နယ်စပ်ဖြစ်သည့် ဘာဒက်ခါရှန်ပြည်နယ်တွင် ငလျင် ဗဟိုပြုကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောသည်။

ယခုလှုပ်ရာနယ်မြေက သေကျေပျက်စီးမှု သတင်းမသိရသေးသော်လည်း ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့တွင် လူ ၁၇ ဦး ဒဏ်ရာရကြောင်း သိရသည်။

ယင်းအရပ်ဒေသတွင်ပင် အောက်တိုဘာ ၂၆ ရက်က အားပြင်းငလျင်လှုပ်ခဲ့ရာတွင် လူပေါင်း ရာနှင့်ချီကာ သေဆုံးခဲ့သည်။

အာဖဂန်မြို့တော် ကဘူးလ်နှင့် ပါကစ္စတန်နိုင်ငံ အစ္စတန်ဘူလ်မြို့တော်နေ ဒေသခံများက ငလျင်ကြောင့် လမ်းများပေါ် ထွက်ပြေးကြကြောင်း သတင်းများတွင် ဖော်ပြသည်။

ပတ်ရှ်ဝါ အိမ်အိုအိမ်ဟောင်းတစ်ချို့ ပြိုကျပြစီးကြောင်း ပါကစ္စတန် သဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင် အကြီးအကဲက အေအက်ဖ်ပီသို့ ပြောသည်။

ဥရောပအာရှနှင့် အိန္ဒိယပြတ်ရွေ့ကြောများ ပွတ်သပ်မှုကြောင့် ယင်းအရပ်ဒေသသည် ငလျင်ကြီးများ လှုပ်တတ်ရာ အရပ်ဖြစ်သည်။

၂၀၀၅ ခုနှစ်အတွင်းကလည်း ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသတွင် အင်အား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခဲ့၍ လူပေါင်း ၇၅၀၀၀ ကျော်ထက်မနည်း သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly