တရုတ်သမ္မတ ရှီကျင့်ဖျင့်၊ ကွန်မြူနစ်ပါတီနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတင်းအဓမ္မ ရယူခြင်း

By EU Today
01 November 2021
တရုတ်သမ္မတ ရှီကျင့်ဖျင့်၊ ကွန်မြူနစ်ပါတီနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတင်းအဓမ္မ ရယူခြင်း

စစ်မှန်သော ကွန်မြူနစ်သည် ဘုရားမဲ့ပြီး လူမဆန်သော သတ္တဝါဖြစ်သည်။ ကွန်မြူနစ်ကို ဖန်တီးရာတွင် အဓိက အကြောင်းတရားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင့်၏ ရုပ်ဝါဒီ အတွေးအခေါ်ဖြစ်သည်။

"လူသည် ရပ်တည်နေရင်း ကုန်ဆုံးသွားသည်။ မိမိတို့သည် ပစ္စုပ္ပန် သွားလာလှုပ်ရှားနေခြင်းထက် ပိုမိုခြင်းမရှိပေ" ဟု ဂျာမန်ဒဿနပညာရှင် လက်ဝှစ် ဖူအာဘတ်ချ်က ဆိုခဲ့သည်။

ဖူအာဘတ်ချ်၏ ရုပ်ဝါဒအယူအဆကို ကားမာ့က်စ်က ခံယူပြီး တိုးတက်မှုသည် ပြောင်းလဲမှုမှ ပေါက်ဖွားလာ သည်ဟု ယူဆသော ဟေဂဲလ်၏ ဒိုင်ယာလက်သစ်နည်းနှင့် ပေါင်းစပ်ခဲ့သည်။ တစ်နည်းအားဖြင့် မာ့က်စ်ကိုယ်တိုင်က “ပဋိပက္ခသည် တိုးတက်မှုအားလုံးကို တွန်းအားဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

၂၁ ရာစုတွင်ပင် တရုတ်ကွန်မြူနစ်ပါတီသည် မာ့က်စ်ဝါဒကို အလွန်အကျူး ဝါဒဖြန့်ခဲ့သည်။ ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းက ဆယ်ကျော်သက်များအား မာ့က်စ်ဝါဒအပေါ် ယုံကြည်မှုရှိစေရန် လုပ်ဆောင်ရာတွင် ကျောင်းများတွင် ပါတီ၏ လက်ရှိခေါင်းဆောင်ကို ရည်ညွှန်းသော " "ရှီကျင့်ဖျင်အတွေးအခေါ်" ကို မိတ်ဆက်ပေးရန် အစီအစဉ်ကို တရုတ်အစိုးရက ကြေညာခဲ့သည်။

ကွန်မြူနစ် တရုတ်တွင် ထိတ်လန့်စရာကောင်းသော လူ့အခွင့်အရေးမှတ်တမ်းတစ်ခုရှိသည်ကို ကျယ်ကျယ် ပြန့်ပြန့်သိရှိလက်ခံပြီး ဖြစ်သည်။

ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အတင်းအဓမ္မရယူရာတွင် လွယ်ကူချောမွေ့စေရန် နိုင်ငံရေး အကျဉ်းသား များနှင့် အခြားသူများကို သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတင်းအဓမ္မ ရယူခြင်းကိစ္စသည် လက်ရှိတွင် နိုင်ငံရေးအရ ဆွေးနွေးငြင်းခုံစရာ ဖြစ်နေသည်။

ယင်းကဲ့သို့ ဆိုးယုတ်သော ကုန်သွယ်မှုတွင် လူပေါင်း ၁၀,ဝဝဝ ခန့် အသက်ဆုံးရှုံခဲ့ဖွယ်ရှိသည်။

စီးပွားရေးအမြတ်အစွန်းအတွက် ကိုယ်အင်္ဂါအစားထိုးခြင်းများကို ပြုလုပ်လေ့ရှိကြသော်လည်း အချို့မှာ ကျန်းမာရေးကို စောင့်ရှောက်ရန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ အကြီးတန်းအရာရှိများ အသက်ရှည်စေရန် အတွက် လုပ်ဆောင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly