ထိုင်း-မြန်မာ တာချီလတ်နယ်စပ်ဂိတ်ကို ထိုင်းဘက်က ယာယီပိတ်လိုက်

ထိုင်း-မြန်မာ တာချီလတ်နယ်စပ်ဂိတ်ကို ထိုင်းဘက်က ယာယီပိတ်လိုက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၆ ။ ။ ရှမ်းပြည်နယ်တောင်းပိုင်း တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တံတားအမှတ်(၁)ကို ဆန္ဒပြမှုတွေကြောင့် ထိုင်နိုင်ငံ ဘက်က ဒီဇင်ဘာ ၂၆ရက် နံနက်က စတင် ပိတ်လိုက်ပြီဖြစ်သည်။ 

ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဗြိတိန်စုံတွဲနှစ်ဦး အသတ်ခံရမှုတွင် မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ဒီဇင်ဘာ ၂၄ရက်က သေဒဏ်ချမှတ်ခဲ့သည်။ 

ယင်းအမိန့်ချမှုကို မကျေနပ်သည့် တာချီလိတ်ဒေသခံများက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာ ၂၆ရက် နံနက်က စုစည်း ဆန္ဒပြခဲ့ပြီး တာချီလိတ်မြိုု့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ် စပ်တံတားအမှတ်(၁) အထိ သွားရောက် ဆန္ဒပြခဲ့သည်။ ယင်းသို့ ဆန္ဒပြချိန်တွင် နယ်စပ်တံတားကို ထိုင်းဘက်ခြမ်းမှ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly