ကျောင်းသားသမဂ္ဂခေါင်းဆောင်တချို့ မန္တလေးမှာဖမ်းဆီးခံရ

ကျောင်းသားသမဂ္ဂခေါင်းဆောင်တချို့ မန္တလေးမှာဖမ်းဆီးခံရ

မန္တလေး

မန္တလေးမြို့တွင် ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းက လူငယ်တချို့ ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းခံခဲ့ရသည်။

ချမ်းအေးသာစံမြို့နယ်လမ်း ၇၀ ၊ ၃၃(A)လမ်းရှိနေအိမ်တစ်လုံးကို ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

"ပါသွားတာဟုတ်ပါတယ်။ ယောက်ျားလေးငါးယောက်နဲ့မိန်းကလေးတစ်ယောက်ပါသွားတာပါ"ဟု ဟု မန္တလေးကသပိတ်ခေါင်းဆောင်တစ်ဦးကအတည်ပြုသည်။

ဖမ်းဆီးခံရသူများမှာ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပညာရေးမဟာဘွဲ့ရဆရာမဒေါ်သက်ဆုလှိုင်၊ဆူးအိုးဆင်းဆရာဦးနိုင်းသီဟကျော်၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်၊ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုရန်ပိုင်စိုးအပါအဝင် ခြောက်ဦးဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)များအဖွဲ့ချုပ်ကလည်း ဖမ်းဆီးခံကျောင်းသားများကိုမည်သည့်နေရာသို့ဖမ်းဆီးသွားမှန်းမသိရသေးကြောင်းနှင့် အသက်အန္တရာယ်စိုးရိမ်မိကြောင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly