ပလက်ဝမြို့၌ နိုဝင်ဘာ ၁ရက်နေ့တွင်တပ်ထောက်ခံပွဲပြုလုပ်ရန်တပ်မမှူးကိုယ်တိုင်ညွှန်ကြား

ပလက်ဝမြို့၌ နိုဝင်ဘာ ၁ရက်နေ့တွင်တပ်ထောက်ခံပွဲပြုလုပ်ရန်တပ်မမှူးကိုယ်တိုင်ညွှန်ကြား

ပလက်ဝ၊ အောက်တိုဘာ-၃၀

ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ လာမည့်နိုဝင်ဘာ ၁ရက်နေ့တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်ရန်ထွေအုပ်ရုံးမှာကျင်းပသည့်ဌာနဆိုင်ရာအစည်းအဝေးတွင်တပ်မ(၁၁)တပ်မမှူးကညွှန်ကြားထားကြောင်းသိရသည်။

ပလက်ဝမြို့ပေါ်တပ်မတော်ထောက်ခံပွဲကိုမြို့တွင်းလှည့်လည်ရန်အတွက်ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံလူအင်အားတောင်းခံထားသည်ဟုလည်းသိရသည်။

''ထန်တလန်မှာတစ်မြို့လုံးနီးပါးမီးလောင်နေတယ်။ပလက်ဝဆိုတာလည်း အေအေနှင့်စစ်တပ်တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်စခန်းတွေဖြစ်လာတဲ့မြို့နယ် ၊ချင်းပြည်မှာ ဖွံ့ဖြိုးမှုအရှိန်ကောင်းနေတဲ့မြို့နယ် ဒီလိုအနေအထားမှာ သူတို့တွေကြောင့်စစ်ဖြစ်ရတယ်။လူတွေဒုက္ခရောက်ကြရတယ်။ဒါကိုတောင် တပ်မတော်ထောက်ခံပွဲလုပ်ဖို့ ပါဝင်ပေးရမယ်ဆိုပြီးပြောနေတာက တခြားမြို့နယ်တွေမှာရှိတဲ့ချင်းညီအစ်ကိုမောင်နှမတွေ ပလက်ဝကချင်းတွေကိုအမြင်စောင်းအောင်ရန်တိုက်ပေးလိုက်တာပဲ''ဟုပလက်ဝဒေသခံတစ်ဦးကပြောသည်။

ပလက်ဝမြို့ပေါ်တွင် မြို့မရပ်ကွက် ၊ ရွာမရပ်ကွက် ၊ ကင်ဝ ရပ်ကွက် ၊ ရိက္ခာ ရပ်ကွက် စသည့်ဖြင့် ရပ်ကွက် ၄ ရက်ကွက် ရှိပြီး ခူမီးချင်းများနှင့်အတူရခိုင်လူမျိုးများလည်းနေထိုင်ကြပြီးလူဦးရေ ၁၀၀၀၀ဝန်းကျင်ရှိပြီး၊ စစ်ဘေးရှောင်စခန်း(၅)ခုရှိသည်။

ဓါတ်ပုံအဟောင်း ''ပလက်ဝမြို့နယ်မှလူငယ်များ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြနေသည့်ပုံဖြစ်သည်။''

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required