အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဂျမူးနှင့် ကက်ရှ်မီယားဒေသရှိ ဟိန္ဒိူဘုရားကျောင်းသို့ သွားရောက်

အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဂျမူးနှင့် ကက်ရှ်မီယားဒေသရှိ ဟိန္ဒိူဘုရားကျောင်းသို့ သွားရောက်

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး အာမစ်ရှာဟာသည် အောက်တိုဘာ ၂၅ ရက်က ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ခီအာဘာဝမ်နီဒါရ်ဂါ ဘုရားကျောင်းသို့ သွားရောက် ဝတ်ပြုဆုတောင်းခဲ့သည်။

ဆာဟာသည် အောက်တိုဘာ ၂၆ ရက်တွင် ဆရီနဂါမြို့ရှိ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် အုတ်မြစ်ချသည့်အခမ်းအနားများကိုလည်း တက်ရောက်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီး၏ ၃ ရက်ကြာ ယခုခရီးစဉ်သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးအဆင့်သတ်မှတ်ပေးထားသည့် ပုဒ်မ ၃၇၀ အား ဖျက်သိမ်းပြီးနောက် အဆိုပါ ဒေသသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်သည်။

ရှာဟာသည် အောက်တိုဘာ ၂၄ ရက်တွင် လက်ထောက်အုပ်ချုပ်ရေးမှူး မနော့ဆင်ဟာလိုက်ပါ၍ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ မက်ကဝယ်နယ်စပ်သို့ သွားရောက်ကာ ဂျဝဝမ်တိုင်းရင်းသားများ၊ ဒေသခံများ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

ထို့ပြင် ဆရီနဂါမြို့၌ အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် ကျောင်းဆရာ ဒီပက်ချန်းဒ်၏ မိသားစုနှင့်လည်း တွေ့ဆုံနှစ်သိမ့်အားပေးခဲ့သည်။ အကြမ်းဖက်သမားတို့ ယခုလအတွင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သားများ၊ အရပ်သားများ၏ မိသားစုများကို အောက်တိုဘာ ၂၃ ရက်တွင် တွေ့ဆုံခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယားသည် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဦးစားပေးဒေသဖြစ်သောကြောင့် ပြည်ထောင်စုနယ်မြေဖြစ်သော အဆိုပါ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကာလကို ရောက်ရှိလာပြီဖြစ်ကာ မည်သူမျှ ဟန့်တားနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly