တရုတ်၏ သံမဏိလုပ်ငန်းထုတ်လုပ်မှု ၂၀၂၁ခုနှစ်တွင် လျော့နည်းဖွယ်ရှိ

တရုတ်၏ သံမဏိလုပ်ငန်းထုတ်လုပ်မှု ၂၀၂၁ခုနှစ်တွင် လျော့နည်းဖွယ်ရှိ

တရုတ်နိုင်ငံ၏ နှစ်စဉ်သံမဏိထုတ်လုပ်မှုသည် ၂၀၂၀ ခုနှစ်ထက် ယခုနှစ်တွင် လျော့နည်းမည်ဟု မျှော်လင့်ရကြောင်း တရုတ်နိုင်ငံ သံနှင့်သံမဏိအသင်းမှ အောက်တိုဘာ ၂၅ တွင် ပြောကြားလိုက်သည်။

စက်တင်ဘာလတွင် သံမဏိအကြမ်း ပျမ်းမျှနေ့စဉ်ထွက်ရှိမှုမှာ တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင်ရှိပြီး ၂၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာကြောင်း နိုင်ငံ့စာရင်းအင်းဗျူရို၏ ကိန်းဂဏန်းများကို ကိုးကား၍ Caixin Global က ဖော်ပြသည်။

စက်မှုလုပ်ငန်းအသင်း၏ ဒုအထွေထွေအတွင်းရေးမှူးချုပ်နှင့် စီးပွားရေးပညာရှင်အကြီးအကဲ ဝမ်ယင်ရှန်းက ထုတ်လုပ်မှုသည် စတုတ္ထသုံးလပတ်၌ လက်ရှိပမာဏတွင်ရှိနေပါက စုစုပေါင်းနှစ်စဉ်ထုတ်လုပ်မှုသည် တန်ချိန် ၁ ဘီလီယံကျော်အထိသာရှိနိုင်ကာ တန်ချိန် သန်း ၃၀ ခန့် ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ကြောင့် ပထမလေးလအတွင်း ထုတ်လုပ်မှုထိုးကျသွားသောအခါ ယမန်နှစ်ကနှင့် မတူကြောင်းနှင့်ယခုနှစ်ထုတ်လုပ်မှုမှာ စတင်မြင့်မားလာပြီး ဒုတိယနှစ်ဝက်အတွင်းတွင် တဖြည်းဖြည်း ကျဆင်းလာကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်သည် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်သည့် နိုင်ငံဖြစ်ရေးအတွက် ယမန်နှစ်ကကြေညာခဲ့ချိန်တွင် နိုင်ငံရေးအစီအစဉ်ချမှတ်၍ မြှင့်တင်လုပ်ဆောင်ခဲ့သည်။ သံမဏိကဏ္ဍမှ ကာဗွန်ထုတ်လွှတ်မှု၏ ၁၅ရာခိုင်နှုန်းခန့်ရှိကြောင်းCaixin Global ကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly