"မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး" ခေါင်းစဉ်ဖြင့် ယနေ့ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ တစ်နေရာ၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ ) ကျောင်းသားများ၊ ၊ LGBT အဖွဲ့များ ၊ မြို့နယ် သပိတ်ကော်မတီများ၊ အလုပ်သမားမဟာမိတ် အဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီကို အထောက်အပံ့ ပေးနေသော ထောက်တိုင် မှန်သမျှကို ငွေမပေးရေးအတွက် ပြည်သူလူထုကို လှုံ့ဆော် ဆန္ဒပြခဲ့ကြသည်။
Credit - CJ