တရုတ် ပြည်နယ် ၁၁ ခုတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်ချိန်တွင် တိဗက်၌ ပြည်တွင်းခရီးသွားများဖြင့် စည်ကား

တရုတ် ပြည်နယ် ၁၁ ခုတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်ချိန်တွင် တိဗက်၌ ပြည်တွင်းခရီးသွားများဖြင့် စည်ကား

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေချိန်တွင် တိဗက်မြို့တော် လာဆာသို့ ပြည်တွင်း ခရီးသွားအများအပြား လာရောက်လျက်ရှိသည်။

တိဗက်ပြင်ပဒေသများ၌ ခရီးသွားလာခွင့်ကို တရုတ်အာဏာပိုင်များက တားမြစ်လိုက်ချိန် အဆိုပါဒေသသို့ ခရီးသွားများ စုပြုံရောက်ရှိလာခြင်းဖြစ်ကြောင်း RFA ကဖော်ပြသည်။

တရုတ်တွင် ပြီးခဲ့သောသီတင်းပတ်က ပြည်နယ် ၁၁ ခုနှင် ကူးစက်မှုပေါင်း ၁၀၀ ကျော်ရှိခဲ့ကာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာချိန်တွင် အသွားအလာပိတ်ဆို့မှုများ ပြန်လည်ချမှတ်လိုက်သဖြင့် အချို့နေရာများတွင် ခရီးသွားလုပ်ငန်း လုံးဝရပ်နားထားရသော်လည်း လာဆာမြို့ကို ခရီးသွားလုပ်ငန်းအတွက် ဖွင့်ထားဆဲဖြစ်ကြောင်း အစိုးရ၏သတင်းရင်းမြစ်ကို ကိုးကား၍ RFA ကဖော်ပြသည်။

“လာဆာမြို့မှာ လက်ရှိ တရုတ်ခရီးသွားဧည့်သည်တွေ အများကြီးပါပဲ။ မြို့ဟောင်း ဘာကောမှာလည်း တရုတ်ခရီးသွားတွေနဲ့ပြည့်နေပြီး နေရာတိုင်းမှာ ဓာတ်ပုံတွေရိုက်နေကြတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

ကပ်ရောဂါမပြီးသေးသည့်အတွက် အဆိုပါမြို့၌ ထိုကဲ့သို့လူအများအပြား လာရောက်သည့်အပေါ် စိုးရိမ်ကြောက်လန့်နေသူများလည်းရှိသည်။

“တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အစိုးရဝန်ထမ်းတွေ၊ကျောင်းသားတွေနဲ့ အငြိမ်းစား အစိုးရဝန်ထမ်းတွေကို ပိုတာလာနန်းတော်အတွင်း ဘာသာရေးဆိုင်ရာလည်ပတ်ခွင့် တားမြစ်ထားပေမယ့် တရုတ်ခရီးသွားတွေဟာ ဒီဘာသာရေးနန်းတော်တွေကို လွတ်လွတ်လပ်လပ် ဝငရောက်လည်ပတ်နေကြတာကိုတွေ့ရတယ်” ဟုသတင်းရင်းမြစ်တစ်ခုကRFA သို့ပြောသည်။

တရုတ်ခရီးသွားဧည့်သည်များအနေဖြင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်းသာ ပြသရသည်ဟုဆိုသည်။

တိဗက်၏အ မ်ဒိုဒေသရှင်းဟိုင်ပြည်နယ်သို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားများ ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် တိဗက်ပြည်သူများသည် ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ကာ ၎င်းနေရာသို့ လည်ပတ်ခြင်းကို ရှောင်ရှားခဲ့ကြရသည်။

ဒေသခံတိဗက်လူမျိုးတွေဟက အခုအချိန်မှာ သတိထားနေကြပေမယ့် တရုတ်အစိုးရကတော့ ကူးစက်ရောဂါကို သိပ်အလေးအနက်ထားပုံမပေါ်ပါဘူး။ ဥပမာ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေပေမဲ့ ဒီဒေသကကျောင်းတွေကိုဖွင့်ထားဆဲပါပဲ”ဟု သတင်းရင်းမြစ်တစ်ခုက RFA သို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly