ပြည်မြို့ကျေးရွာအုပ်ကြီး သတ်ခံရပြီးနောက် ကျေးရွာအုပ်ကြီး၄ဦးတပြိုင်နက်နုတ်ထွက်

ပြည်မြို့ကျေးရွာအုပ်ကြီး သတ်ခံရပြီးနောက် ကျေးရွာအုပ်ကြီး၄ဦးတပြိုင်နက်နုတ်ထွက်

အောက်တိုဘာ ၂၉

ပြည်မြို့နယ်တွင်း ကျေးရွာအုပ်ကြီးလေးဦးသည် ယနေ့တွင် နုတ်ထွက်ခွင့်စာတင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပြည်မြို့)က ဆက်သွယ်ပြောကြားသည်။

“ပြည်သူဆန္ဒနဲ့ဆန့်ကျင်ဘက် နေတာက သမိုင်းမ​ကောင်းနိုင်ပါဘူး။ ကျန်တဲ့အုပ်ချုပ်​ရေးမှူး​တွေလည်းနှုတ်ထွတ် ကြပါ။ ပြည်သူနဲ့အတူ ရပ်တည်ပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပြည်)မှ ပြောဆိုခွင့်ရသူတစ်ဦးက ပြောသည်။

တဲကြီးကုန်းအုပ်စု၊ပနီပင်အုပ်စု၊တလုပ်ပင်အုပ်စုနှင့် ပေါက်နွယ်ခြုံအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများက ကျန်းမာရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်စာတင်ခဲ့သည်ဟုဆိုသည်။

နုတ်ထွက်ခွင့်စာတင်ခဲ့သော်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးက နုတ်ထွက်ခွင့် ပြု မပြု မသိရပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly