စစ်တပ်ရှို့သည့် မီး ထန်တလန်မြို့တွင် လူနေအိမ် ၁၀၀ ကျော်ထိ ကူးစက်

စစ်တပ်ရှို့သည့် မီး ထန်တလန်မြို့တွင် လူနေအိမ် ၁၀၀ ကျော်ထိ ကူးစက်

အောက်တိုဘာ ၉

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှ စတင် လောင်ကျွမ်းသည့် မီးသည် ယခု ည ၇နာရီထိ နေအိမ် အလုံး ၁၀၀ ကျော်ထိ ကူးစက် လောင်ကျွမ်းလျက် ရှိကြောင်း ထန်တလန်မြို့ခံ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထန်တလန်မြို့၊ ဈေးရပ်ကွက်၊ CB ဘဏ်အနီး ပတ်ဝန်းကျင်ရှိ နေရာ ငါးနေရာတွင် မီးလောင်ခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။

လူမရှိသည့် အိမ်အတွင်းမှ ဆန်နှင့် စားသောက်စရာများကို စစ်ကောင်စီ တပ်သားများက ယူဆောင်ပြီးနောက် အဆိုပါ နေအိမ်ကို မီးရှို့ခဲ့ရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်းနှင့် စနစ်တကျ မီးငြှိမ်းသူ မရှိခဲ့ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ရှိ လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ပြီး မြို့ခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required