ကျုံမငေးမြို့ EPC ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲ

ကျုံမငေးမြို့ EPC ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲ

အောက်တိုဘာ ၂၉

ဧရာဝတီတိုင်း၊ ကျုံမငေးမြို့၊ သီရိဟေမာ ရပ်ကွက်၊ ဆေးရုံလမ်းတွင်ရှိ‌သော မြို့နယ်လျှပ်စစ်ရုံး (EPC) ဝန်းအတွင်း ယနေ့ အောက်တိုဘာ ၂၉ရက် ညနေ ၄ နာရီ ၅ မိနစ်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဝါးခယ်မမြို့ပြပြောက်ကျားတပ်ဖွဲ့ (WSTF) အဖွဲ့ဝင်ထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုအား အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ EPC ရုံးဝန်ထမ်းများအား သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"ရုံးဆင်းတဲ့အချိန်မှာ ဖောက်ခွဲခဲ့တာဆိုပေမယ့် သတိပေးတဲ့အနေနဲ့ပဲ လူထိခိုက်မှုမရှိအောင် ဖောက်ခွဲခဲ့တာပါ။ ဆက်ပြီးတော့လည်း ကျွန်တော်တို့ ဝါးခယ်မ STF အဖွဲ့က စစ်ကောင်စီနဲ့ပတ်သက်တာအားလုံးကို စစ်အုပ်စုပြုတ်ကျတဲ့အထိ တိုက်ခိုက်သွားမှာပါ"ဟု WSTF အဖွဲ့ဝင်က ဆက်လက်ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဗုံးပေါက်ကွဲရာ ဆေးရုံလမ်းအတွင်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly