ပါကစ္စတန်တွင် သုံးနှစ်ဆက်တိုက် ဆောင်းရာသီကာလ စွမ်းအင်အကျပ်အတည်းနှင့် ကြုံရရန် ရှိနေ

ပါကစ္စတန်တွင် သုံးနှစ်ဆက်တိုက် ဆောင်းရာသီကာလ စွမ်းအင်အကျပ်အတည်းနှင့် ကြုံရရန် ရှိနေ

ပါကစ္စတန်နိုင်ငံတွင် ပြည်တွင်း ဓာတ်ငွေ့အရန်ပမာဏ လျော့နည်းကုန်ခန်းလာနေမှုကြောင့် ကြီးမားသည့် ဓာတ်ငွေ့ ရှားပါးပြတ်လပ်မှု အခြေအနေတစ်ခုနှင့် တွေ့ကြုံရလုနီးနီး ဖြစ်နေသည်ဟု သိရသည်။ ယင်းအခြေအနေတွင် ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရသည်လည်း လုံလောက်သည့် သဘာဝဓာတ်ငွေ့ရည် (LNG) ပမာဏကို ဝယ်ယူနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

လောင်စာဆီနှုန်းထားများ မြင့်တက်မှုနောက်ပိုင်း ပါကစ္စတန်၏ စွမ်းအင်ထုတ်လုပ်မှု စရိတ်စကသည်လည်း သိသိသာသာ မြင့်တက်ထားခဲ့သည်။

ယင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု၏ သုံးပုံ ပုံ နှစ်ပုံနီးပါးသည် ရုပ်ကြွင်းလောင်စာဆီများအပေါ် အခြေပြုထားရခြင်း ဖြစ်ကြောင်း The Tribune က ဖော်ပြသည်။

ရေနံစိမ်းစျေးနှုန်း များသည် ပြီးခဲ့သည့် သုံးနှစ်အတွင်း အမြင့်ဆုံးသို့ မြင့်တက်ထားခဲ့ပြီး တစ်စည်လျင် ကန်ဒေါ်လာ ၈၆ ဒေါ်လာ ရှိနေခဲ့သည်ဟု သတင်းစာက ဖော်ပြသည်။

LNG စျေးနှုန်း မြင့်တက်နေမှုကြောင့် စွမ်းအင် အကျပ်အတည်းက ပိုမိုဆိုးဝါးလာလျက် ရှိကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် ယခုနှစ် ဆောင်းရာသီတွင် ပါကစ္စတန်သည် ယင်း၏ သုံးနှစ်ဆက်တိုက်အဖြစ် ဆောင်းကာလ စွမ်းအင် အကျပ်အတည်းတစ်ခုကို ရင်ဆိုင်သွားရရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly