တရုတ်-ထိုင်ဝမ်တင်းမာနေချိန်တွင် အမေရိကန်က ထိုင်ဝမ်ကိုအကူအညီပေးနေ

By The Singapore Post
29 October 2021
တရုတ်-ထိုင်ဝမ်တင်းမာနေချိန်တွင် အမေရိကန်က ထိုင်ဝမ်ကိုအကူအညီပေးနေ

ကုလသမဂ္ဂတွင် ထိုင်ဝမ် ထိထိရောက်ရောက်ပါဝင်နိုင်ရေးအတွက် အမေရိကန်နှင့်ထိုင်ဝမ်တို့ ဆွေးနွေးလျက်ရှိသည်။

ထိုင်ဝမ်သည် တရုတ်သမ္မတနိုင်ငံဟူသောတရားဝင်အမည်ကိုသုံးလျက် ၁၉၇၁ ခုနှစ် အောက်တိုဘာ ၂၅ အထိကုလသမဂ္ဂတွင် တရုတ်ကိုယ်စားပြုတက်ရောက်ခဲ့ပြီးနောက် နိုင်ငံကိုယ်စားပြုမဲခွဲဆုံးဖြတ်ကြရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ကိုရှုံးနိမ့်ကာထွက်ခဲ့ရသည်။ PRC ၏ ကွန်မြူနစ်တပ်ဖွဲ့များသည် ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ်ကိုအောင်နိုင်ပြီးနောက် ရီပတ်ဘလစ်ကန်အစိုးရသည် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးခဲ့ကြရသည်။

တရုတ်ကထိုင်ဝမ်သည် ၎င်း၏ပြည်နယ်တစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတကာအရေးတွင် ထိုင်ဝမ်ကို ကိုယ်စားပြုခွင့်ရှိကြောင်းပြောသည်။ တိုင်ပေရှိဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသောထိုင်ဝမ်အစိုးရကလည်း ၎င်းတို့သာ ထိုအခွင့်အရေးရှိသည်ဟုဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၃ရက် ထုတ်ပြန်ချက်၌ ကုလသမဂ္ဂ၌ ထိုင်ဝမ် အဓိပ္ပါယ်ရှိရှိပါဝင်နိုင်ရေးကို ထောက်ခံအလေးထားသည့် ဆွေးနွေးမှုတစ်ခုအတွက် အမေရိကန်နှင့် ထိုင်ဝမ်တာဝန်ရှိသူများသည် အောက်တိုဘာ ၂၂ ရက်ကအွန်လိုင်းစနစ်ဖြင့် တွေ့ဆုံခဲ့ကြသည်ဟုပါရှိသည်။

အမေရိကန်တာဝန်ရှိသူများက ကမ္ဘာ့ကျန်းမာရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂမူဘောင်သဘောတူညီချက်၌ ထိုင်ဝမ် ထိထိရောက်ရောက် ပါဝင်နိုင်ရေးအတွက် အမေရိကန် ကတိကဝတ်ကိုထပ်တလဲလဲပြောကြားခဲ့ပြီးကျယ်ပြောသောကိစ္စရပ်များစွာတွင် ထိုင်ဝမ်ပါဝင်နိုင်စွမ်းကိုမီးမောင်းထိုးပြမည့်နည်းလမ်းများစွာကိုဆွေးနွေးခဲ့ကြကြောင်းလည်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းအမေရိကန်၏ မယိမ်းယိုင်သော ထောက်ခံမှုကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

ထိုင်ဝမ် တိုက်ခိုက်ခံရပါက ၎င်း၏ကာကွယ်ရေးအတွက် အမေရိကန်အရောက်လာမည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၃ လအတွင်းဒုတိယအကြိမ်အဖြစ် ပြောဆိုပြီးနောက် ယခုထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ တရုတ်ကလည်းမမှန်ကန်သောအရိပ်အမြွက်များမပြောကြားရန် အမေရိကန်အားပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly