စီရော်နယ်ဒို မော်ရိုကို သွားရတဲ့ လျှို့ဝှက်ချက်

စီရော်နယ်ဒို မော်ရိုကို သွားရတဲ့ လျှို့ဝှက်ချက်

ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုတစ်ယောက် မော်ရိုကိုနိုင်ငံကိုသွားပြီး လက်ဝှေ့သမား ဟာရီနဲ့ သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တုန်းက ပရိသတ်တွေကြားမှာ တော်တော်လေးလှုပ်ခတ်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဂေးတစ်ယောက်လားဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ အငြင်းပွားမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ အခုတော့ စီရော်နယ်ဒို မော်ရိုကိုသွားရခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ပေါ်တူဂီမဂ္ဂဇင်း Nova People က ဖွင့်ချလိုက်ပါပြီ။

စီရော်နယ်ဒိုဟာ မော်ရိုကိုနိုင်ငံမှာ ရှိနေတဲ့ ပေါ်တူဂီမယ်ဟောင်း မယ်လာနီမာတင်နဲ့ တွေ့ခွင့်ရဖို့ သွားခဲ့တာပါတဲ့။ မော်ဒယ်နဲ့ ဘလော့ရေးသားသူ တစ်ဦးဖြစ်တဲ့ မယ်လာနီဟာ ၂၀၁၁ ပေါ်တူဂီမှာ မယ်ဘွဲ့ရခဲ့တဲ့ အချောအလှလေးတစ်ဦးဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ချစ်သူသစ်အဖြစ် မီဒီယာတွေက မယ်လာနီကို တံဆိပ်ကပ်လိုက်ကြပြန်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly