တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တိုက်လေယာဉ် ပျက်ကျ

By India Blooms
29 October 2021
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တိုက်လေယာဉ် ပျက်ကျ

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၌ ပြည်သူ့လွတ်မြောက်ရေးစစ်တပ်၏ လေတပ် (PLAAF) မှ ၂ ယောက်စီးချန်ဒူ J-10S တိုက်လေယာဉ် ၁ စင်းပျက်ကျခဲ့ည့် ဗီဒီယိုဖိုင်မကြာသေးမီကထွက်ပေါ်လာသည်ဟုTaiwan News၌ ဖော်ပြထားသည်။

ဗီဒီယိုဖိုင်တွင် ဟဲနန်ပြည်နယ် ဂျီအာလူမြစ်ကမ်းပါးပေါ်သို့ တိုက်လေယာဉ် ၁ စင်းပျက်ကျခဲ့ပြီးလေယာဉ်မှုး ၂ ဦးသည် မြစ်ကမ်းအနီး၌ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့သည်ဟုလည်း သတင်းတွင် ပါရှိသည်။

လေယာဉ်မှူးများသည် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း မျက်မြင်သက်သေများက ဆိုသည်။

စစ်ရေး စိတ်ဝင်စားသူ ထိုင်ဝမ်ဒေသခံများဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်သော ‘New 27 unit military discussion’ က ပုံတင်ထားရာတွင် ပျက်စီးသွားသော လေယာဉ်၏ဦးပိုင်းကို ပြသထားပြီး ကျန်စက်မှုပိုင်းဆိုင်ရာကိုယ်ထည်မှာ အထိအခိုက်လုံးဝမရှိပုံပေါ်သည်။

သို့သော် ဟဲနန်ပြည်နယ်အစိုးရနှင့် PLAAF လေတပ်တို့သည် အဆိုပါ ဖြစ်ရပ်သတင်းအပေါ် မှတ်ချက်ပြုခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly