PDFများ အားကောင်းလာပြီဖြစ်သည့်အတွက် Non-CDM များ CDM တွင် ပါဝင်ရန် ဟင်္သာတနည်းပညာတက္ကသိုလ်၏ ကြားကာလတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီတိုက်တွန်း

PDFများ အားကောင်းလာပြီဖြစ်သည့်အတွက် Non-CDM များ CDM တွင် ပါဝင်ရန် ဟင်္သာတနည်းပညာတက္ကသိုလ်၏ ကြားကာလတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီတိုက်တွန်း

အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းအတွင်းမှာရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများ အား ကောင်းလာပြီ ဖြစ်သည့်အတွက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများအနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာကြရန် ဟင်္သာတနည်းပညာတက္ကသိုလ် ကြားကာလယာယီ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက တိုက်တွန်းသည့် စာတစ်စောင်ကို အောက်တိုဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

"အခုဆိုရင် ဧရာဝတီတိုင်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတော် တော်အားကောင်းနေပြီ၊ဒီအခြေအနေကို အခွင့်ကောင်းယူပြီး Non CDMဝန်ထမ်းအားလုံး CDM မှာပါဝင်သင့်ပါတယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အားကောင်း၊CDM မလုပ်ဘဲ ကျန်နေသေးတဲ့ ဝန်ထမ်းတွေလဲ CDM မှာပါဝင်လာရင် စစ်အုပ်စု ပြုတ်ကျဖို့ ရာခိုင်နှုန်းတော်တော်များသွားပါပြီ"လို့ ဟင်္သာတနည်းပညာတက္ကသိုလ်မှ CDM ဆရာတစ်ဦးက မဇ္စျိမကို ပြောသည်။

အခြေအနေ အရပ်ရပ်ကြောင့် Non CDM ပြုလုပ်နေကြရသော်လည်း စစ်အာဏာရှင်အား လက်မခံသောဝန်ထမ်းများကို စနစ်တကျပြန်လည်စီစစ်၍ လက်ခံသွားမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဟင်္သာတနည်းပညာတက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီကို CDM တွင်ပါဝင်သည့် ဆရာ၊ဆရာမများ၊ အခြားဝန်ထမ်းများ ၊ ကျောင်းသား၊ကျောင်းသူ များဖြင့် ဖွဲ့စည်းထားပြီး ကျောင်းသာဟောင်းများလည်း ပါဝင်သည်ဟု CDM ဆရာတစ်ဦးက မဇ္စျိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly