တရုတ်တွင် ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် အသက် ၃ နှစ် အရွယ်ကလေးများအထိ ကာကွယ်ဆေး စတင် ထိုးပေးမည်

တရုတ်တွင် ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် အသက် ၃ နှစ် အရွယ်ကလေးများအထိ ကာကွယ်ဆေး စတင် ထိုးပေးမည်

လူဦးရေ စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး အပြည့်ထိုးနှံထားပြီးဖြစ်သော တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၃ နှစ်အရွယ် ကလေးငယ်များအား ထိုးပေးတော့မည်ဖြစ်သည်။ အာဏာပိုင်များအနေဖြင့်လည်း ရောဂါဖြစ်ပွားမှုလုံးဝမရှိစေရေး မူဝါဒကို ဆက်လက်ချမှတ်ထားသည်။

ယခုအစီအစဉ်ကြောင့် တရုတ်သည် ကလေးငယ်များကို ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး စတင်ထိုးသည့် ကမ္ဘာပေါ်ရှိ အလွန်နည်းငယ်သော နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်လာသည်။

ကျူးဘားသည် အသက် ၂ နှစ်အောက် ကလေးများအထိ ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ပြီး အမေရိကန်သည် ၅နှစ်မှ ၁၁နှစ်အထိ ကလေးများကို ကာကွယ်ဆေးထိုးနှံပေးရန် အလျင်အမြန် လုပ်ဆောင်နေသော်လည်း အမေရိကန် နှင့် ဥရောပနိုင်ငံအများအပြားသည် အသက် ၁၂နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ခွင့်ပြုထားသည်။

တရုတ်ပြည်နယ် ၅ခုထက်မနည်းရှိ ခရိုင်မြို့နှင့် ပြည်နယ်အဆင့်အစိုးရများသည် မကြာသေးမီရက်များအတွင်း အသက် ၃ နှစ်မှ ၁၁ နှစ်ကြား ကလေးများအား ကာကွယ်ဆေးထိုးရန် လိုအပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကူးစက်မှု အနည်းငယ်ဖြစ်ပွားခြင်းကို တိုက်ဖျက်ရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်က ရောဂါနှိမ်နင်းရေး အစီအစဉ်သစ်များ၏ အစိတ်အပိုင်းအနေဖြင့် ကာကွယ်ဆေးထိုးအစီအစဉ်ကို တိုးချဲ့လာခြင်းဖြစ်သည်။

ခရီးသွားလုပ်ငန်းကို မှီခိုအားထားနေရသော အနောက်မြောက်ပိုင်းရှိ ဂန်စုပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက် ခံရသူ ထပ်မံတွေ့ရှိပြီးနောက် ခရီးသွားနေရာအားလုံးကို အောက်တိုဘာ ၂၄ရက်တွင် ပိတ်လိုက်သည်။

အတွင်းမွန်ဂိုလီးယား၏ အချို့နေရာတွင် နေထိုင်သူများကို ရောဂါဖြစ်ပွားမှုကြောင့် နေအိမ်ထဲတွင်သာ နေထိုင်ရန် အမိန့်ထုတ်ထားသည်။

အမျိုးသားကျန်းမာရေးကော်မရှင်က ပြီးခဲ့သော ၂၄ နာရီအတွင်း ဒေသတွင်းကူးစက်မှုအသစ် ၃၅ ခုကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ ၄ ဦးသည် ဂန်စုပြည်နယ်မှဖြစ်သည်။ အတွင်းမွန်ဂိုလီးယားဒေသတွင် နောက်ထပ် ရောဂါဖြစ်ပွားသူ ၁၉ ဦးကို တွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးတွင် ကူးစက်မှုများဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly