အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့အရေးပြောဆိုမှုများ

အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့အရေးပြောဆိုမှုများ

အောက်တိုဘာလ ၂၈ ရက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တကြိမ်ထက်ပိုပြီး မဲပေးခဲ့သူတွေကို တရားစွဲဆိုဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို အကြောင်းကြားထားပါတယ်။ ရွေးကောက်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး မဲပေးတယ်ဆိုရင် မဲပေးသူသာမက အားပေးသူ၊ မဲပေးတာကို ဖြစ်မြောက်စေသူ၊ ဖြစ်မြောက်စေဖို့ အားထုတ်သူတွေဟာလည်း ရာဇသတ်ကြီးပုဒ်မ ၁၇၁ (ဃ) ကို ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်လို့ UEC ရဲ့ အောက်တိုဘာလ ၂၂ ရက်နေ့စွဲနဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။ဒီလို မြန်မာနိုင်ငံဆိုင်ရာ သတင်းတိုတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly