မန်ယူအသင်းချက်ချင်းတိုးတက်ရမည်ဟု ဗန်ဟားလ်ပြော

မန်ယူအသင်းချက်ချင်းတိုးတက်ရမည်ဟု ဗန်ဟားလ်ပြော

ဒီဇင်ဘာ ၂၅၊ မန်ချက်စတာ ။          ။ မန်ယူအသင်းသည် ၎င်းတို့၏ ကံကြမ္မာကိုပြောင်းလဲနိုင်စွမ်းရှိသော်လည်း ချက်ချင်းတိုးတက်အောင်လုပ်ဆောင်ရလိမ့်မည်ဟု နည်းပြဗန်ဟားလ် က ပြောသည်။

ဖိအားများနှင့်ရင်ဆိုင်နေရသော နည်းပြဗန်ဟားလ်သည် ဗုဒ္ဓဟူးနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ငါးမိနစ်ပင်မကြာသည့်အချိန် အတွင်း ပြန်လည်ထွက်ခွာသွားခဲ့သည်။

မန်ယူအသင်းသည်နောက်ဆုံး ခြောက်ပွဲဆက်နိုင်ပွဲပျောက်နေပြီး သုံးပွဲဆက်ရှုံးထားကာ အိုးထရက်ဖို့ဒ်တွင် ၎င်း၏အဆိုးဆုံးကာလနှင့်ကြုံနေရ သည်ဟု ဗန်ဟားလ်က ဆိုသည်။

"ကျွန်တော်တို့ သိပ်ကိုဆိုးတဲ့အချိန်နဲ့ ကြုံနေရတယ်။ ချက်ချင်းတိုးတက်ပြောင်းလဲရမယ်"ဟု ဗန်ဟားလ်ကဆိုသည်။ ဒီဇင်ဘာ ၂၈ တွင် ချယ်လ်ဆီးနှင့်ရင်ဆိုင်ရမည့်ပွဲအတွက်လည်း ဗန်ဟားလ်က ပွဲကြိုပြင်ဆင်နေသည်။

"ဒီအခြေအနေကို ကျွန်တော်တို့ပြောင်းလဲနိုင်စွမ်းရှိတယ်။ ဒီအခြေအနေကရုန်းထွက်ပြီးတိုးတက်ဖို့အကောင်းဆုံးနည်းလမ်းကတော့ အတူတကွကြိုးစားကြဖို့ပဲ"ဟု ဗန်ဟားလ်ကဆိုသည်။

၁၉၉၈ နောက်ပိုင်း နိုင်ပွဲပျောက်မှုအချိန်အကြာဆုံးအဖြစ်နှင့်ရင်ဆိုင်နေရသော်လည်း တစ်သင်းလုံးဗန်ဟားလ်နောက်တွင်ရှိသည်ဟု အသင်းခေါင်းဆောင် ရွန်နီကလည်း ထောက်ခံထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly