ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ရာထူးမှ ရပ်စဲကြောင်း လှည်းကူးမြို့နယ် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ရာထူးမှ ရပ်စဲကြောင်း လှည်းကူးမြို့နယ် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်

အောက်တိုဘာ ၂၇

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်/ကျေး၅၇ အုပ်စုရှိ အုပ်ချုပ်ရေးမှူးများကို ရာထူးမှ ရပ်စဲလိုက်ကြောင်း လှည်းကူးမြို့နယ်ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၇ရက်)ရက်စွဲဖြင့် ထုတ်ပြန်သည်။

ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပယ်စာထုတ်ပြန်ပြီး သုံးရက်အတွင်း လှည်းကူးမြို့နယ်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အာဏာရူးသည့် အုပ်ချုပ်ရေးလုပ်ငန်းများနှင့် လုံးဝပတ်သက်ခြင်းမပြုတော့ဘဲ သာမန်ပြည်သူတစ်ယောက်အနေဖြင့်နေထိုင်မည် ဖြစ်ကြောင်း

ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားရမည်ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်သူများအားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းလုပ်ငန်းများတွင် ဆက်လက်ပါဝင် ကူညီဆောင်ရွက်နေပါက ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ကာ စစ်ကောင်စီအဖွဲ့ဝင်များကဲ့သို့ နိုင်ငံတော်ပုန်ကန်မှု နှင့်ဆိုင်သော ပြစ်မှု များဖြင့် ပြစ်ဒဏ်များ ချမှတ်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ဆိုသည်။

ဓာတ်ပုံ - စစ်အာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြခြင်းကို ထွေအုပ်ရုံးရှေ့မှ စောင့်ကြပ်ကြည့်ရှုနေသော စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်များ(ယခင်ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required