ပရီးမီးယားလိဂ်တွင်နားရက်မပေးခြင်းက အင်္ဂလန်အသင်းကိုထိခိုက်စေဟု ကလော့ပ်ဝေဖန်

ပရီးမီးယားလိဂ်တွင်နားရက်မပေးခြင်းက အင်္ဂလန်အသင်းကိုထိခိုက်စေဟု ကလော့ပ်ဝေဖန်

ဒီဇင်ဘာ ၂၅၊ လီဗာပူးလ် ။           ။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲဆက်များနေခြင်းက အဓိကပြိုင်ပွဲများ၌ အင်္ဂလန်လက်ရွေးစင်အသင်း၏ အခွင့်ရေးကိုထိခိုက်စေသည်ဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပြောသည်။

ဂျာမန်လူမျိုးနည်းပြ ကလော့ပ်က လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းမှာ အရည်အသွေးအမှန်တကယ်ပြည့်ဝသည့်အသင်းဟု ချီးကျူးခဲ့သော် လည်း ဆောင်းရာသီနားရက်မရခြင်းက ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ထိခိုက်စေမည်ဟု ဆိုသည်။

"ပွဲတွေအများကြီးကစားဖို့ရှိနေတာ အသေအချာပဲ။ နားရက်မရှိဘူး။ ပြိုင်ပွဲတွေများလွန်းတယ်။ ဒါဟာအောင်မြင်ဖို့လမ်းမဟုတ်ဘူးလို့ လူတိုင်းသိကြမယ်လို့လည်း ကျွန်တော်ထင်တယ်။

နည်းပြရွိုင်းဟော့ဒ်ဆန်ဟာ တကယ်ကောင်းတဲ့ ကစားသမားလေးတွေကိုဦးဆောင်ပြီး ဆုဖလားရသင့်တယ်လို့ လူတိုင်းကထင်ကြတယ်။ ဒါပေမဲ့ အဲဒီကစားသမားတွေက တစ်နှစ်လုံးနားရက်မရှိခဲ့ဘူး။

အခြားအသင်းအားလုံးကတော့ နားရက်ရတယ်။ အောင်တော့အောင်မြင်နိုင်ပါလိမ့်မယ်။ သိပ်ခက်လိမ့်မယ်"ဟု ကလော့ပ်က ပြောသည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် နောက်ဆုံးရှစ်နှစ်အတွင်း ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခြင်းမရှိဘဲ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင်လည်း အုပ်စုအဆင့်မှထွက်ခဲ့ရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly