မြန်မာတွင် အကြမ်းဖက်မှုများချက်ချင်းရပ်ရန်နှင့် ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ရန် စစ်အာဏာရှင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြောကြား

မြန်မာတွင် အကြမ်းဖက်မှုများချက်ချင်းရပ်ရန်နှင့် ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ရန် စစ်အာဏာရှင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ပြောကြား

အောက်တိုဘာ ၂၇

မြန်မာတွင် အကြမ်းဖက်မှုများချက်ချင်းရပ်ရန်နှင့် မတရားဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ရန် စစ်အာဏာရှင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောကြားသည်။

အာဆီယံထိပ်သီးအစည်းအဝေးသို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့သည့် အမေရိကန်သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု၊ ကြောက်မက်ဖွယ်ရာအကြမ်းဖက်နေမှုနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင်း၊ အကြမ်းဖက်နေမှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့်မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးဆောင်ရွက်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောကြားသည်။

ထို့​ပြင် သဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး အာဆီယံ ကြိုးပမ်းအားထုတ်မှုအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးသည့်အကြောင်းကိုလည်း သမ္မတကြီးကထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံနှင့်မိမိတို့၏ မိတ်ဖက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းစေရေးအတွက် ထားရှိသောအမေရိကန်၏ကတိကဝတ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အင်ဒိုပစိဖိတ်ဆိုင်ရာ အာဆီယံ၏အမြင်ကိုလည်းချီးကျူးပြောဆိုခဲ့သည်။

မြန်မာစစ်ကောင်စီကိုယ်စားပြု တက်ရောက်ခြင်းမရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးအား သုံးရက်ကြာပြုလုပ်နေခြင်းဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း တက်ရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required