လားရှိုးမြို့ရှိ မိုင်တဲ ရုံး‌ရှေ့ ဗုံးပေါက်ကွဲ

လားရှိုးမြို့ရှိ မိုင်တဲ ရုံး‌ရှေ့ ဗုံးပေါက်ကွဲ

အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရေကန်လမ်းရှိ မိုင်တဲ ရုံးရှေ့တွင် ယမန်နေ့ အောက်တိုဘာလ ၂၆ရက်နေ့ ညနေ ၆နာရီ ၄၀ မိနစ်ဝန်းကျင်က ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု အနီး၀န်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

ပေါက်ကွဲမှုမှာ ရဲစခန်းနှင့်နီးကပ်ပြီး ရဲနှင့်စစ်ကောင်စီတပ်သားများ လမ်းထဲသို့ အများအပြားရောက်ရှိလာသဖြင့် ဖြစ်စဥ်ကို အသေးစိတ်မသိရသော်လည်း ဗုံးပေါက်ကွဲမှုမှာ ပြင်းထန်နိုင်ကြောင်း အဆိုပါရုံးအနီးပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးကပြောသည်။

"အသံကတော့အရမ်းကျယ်တယ်။ ရဲစခန်းနဲ့လည်း နီးနီးလေး ဖြစ်ပြီးတော့ သူတို့တွေ အများကြီးရောက်လာတယ်။ သေချာတော့ မသိရသေးဘူးပေါ့။ပြင်းတော့ပြင်းလောက်တယ်" ဟု၎င်းကပြောသည်။

ယခုဖြစ်စဉ်သည် ရှမ်းပြည်မြောက်ပိုင်းတွင် မိုင်တဲ ရုံးများကို ဦးတည်တိုက်ခိုက်ခံရသည့် ပထမဆုံးဖြစ်စဥ်ဖြစ်သည်။

လားရှိုးမြို့တွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသော သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) တို့အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များလည်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly